Professional Authors

နွယ် (sharon )

လူတိုင်းကတော့ ပြောကြတယ်
  လက်ခုပ်ဆိုတာနှစ်ဖက်တီးမှမြည်တာတဲ့ 
  ထူးထူးခြားခြား
  တစ်ဖက်တည်းနဲ့ ကျွန်တော်လက်ခုပ်တီးဖို့ ကြိုးစားကြည့် တယ်
 
 ပြောရမယ်ဆို
 ဟိုနေ့ ဒီနေ့ တွေတုန်းက
 သစ်တစ်ပင်စိုက်မိတယ်
 ငှက်တစ်သောင်းလာမနားပေမယ့် 
 နွယ်တစ်ပင်ရစ်လို့ မော
 
မင်းက တင်းတင်းရစ်ချည်တယ်
အိပ်မက်တွေ ညရေးသင့် နေ၇က်နဲ့ 
ငါကအသာတကြည်ချည်နှောင်ခံတယ်

တမ်းတခြင်းထက်ပိုတဲ့ မျှော်လင့် ခြင်းတွေ
ငါစိုက်ပျိုးခဲ့ တယ်
ခေတ်အဆက်ဆက်မှာ
အလွမ်း
လစ်ဟာမှု
တုန်ရီနေတဲ့ ရင်ဘတ်တစ်စုံ
ပြာကျသွားတဲ့ ပုံပြင်ဟောင်း
ဂီတသံ
မပြောတော့ဘူး
မလွမ်းဘူး
မဆွေးဘူး
သတိမရဘူးပြောပြီး
တွဲခဲ့ တဲ့ လက်တစ်စုံအကြောင်းခေါင်းထဲ ရောက်လာတော့ 
မဆီမဆိုင်
မိုးရွာတဲ့ နေ့ တစ်နေ့ ကို လွမ်းမိတယ်

                                                      ရှာရွန်

In: ကဗျာ Posted By: Date: Sep 21, 2011
Comment #1

ပြောရမယ်ဆို
ဟိုနေ့ ဒီနေ့ တွေတုန်းက
သစ်တစ်ပင်စိုက်မိတယ်
ငှက်တစ်သောင်းလာမနားပေမယ့် 
နွယ်တစ်ပင်ရစ်လို့ မော

မင်းက တင်းတင်းရစ်ချည်တယ်
အိပ်မက်တွေ ညရေးသင့် နေ၇က်နဲ့ 
ငါကအသာတကြည်ချည်နှောင်ခံတယ်
..
နှစ်သက်အားပေးသွားပါသည်

commentinfo By: ဒေါ်ဂျီး at Sep 22, 2011
Comment #2

ပြောရမယ်ဆို
ဟိုနေ့ ဒီနေ့ တွေတုန်းက
သစ်တစ်ပင်စိုက်မိတယ်
ငှက်တစ်သောင်းလာမနားပေမယ့် 
နွယ်တစ်ပင်ရစ်လို့ မော

မင်းက တင်းတင်းရစ်ချည်တယ်
အိပ်မက်တွေ ညရေးသင့် နေ၇က်နဲ့ 
ငါကအသာတကြည်ချည်နှောင်ခံတယ်

တမ်းတခြင်းထက်ပိုတဲ့ မျှော်လင့် ခြင်းတွေ
ငါစိုက်ပျိုးခဲ့ တယ်

commentinfo By: May Kha at Sep 22, 2011
Comment #3

ခေတ်အဆက်ဆက်မှာ
အလွမ်း
လစ်ဟာမှု
တုန်ရီနေတဲ့ ရင်ဘတ်တစ်စုံ
ပြာကျသွားတဲ့ ပုံပြင်ဟောင်း
ဂီတသံ
မပြောတော့ဘူး
မလွမ်းဘူး
မဆွေးဘူး
သတိမရဘူး

commentinfo By: sharon myorr myor at Sep 27, 2011
Comment #4

i like both title & poem,,
ur writing style is so smart,
i m envious of u so kuch,,myor.

commentinfo By: ei lay at Jul 29, 2012
Comment #5

မုန့် ကျွေးချင်အောင်ပြောနေတယ်
ကျေးဇူးဗျာ
ကဗျာ စမတ်ကျတာက ဖတ်သူစမတ်ကျကျမြင်ပေးလို့ ပါဗျ 🙂

commentinfo By: sharon myorr myor at Dec 5, 2012
Comment #6

A khu law law se dot hote me ma htin par.
Ei bar loak loak smart kya har ma hote bu.
Arr lone cross be phyit nay hmar.
Ei=Lu soe=Ei=sate kout=Ei=g kya=Ei=mone phoe kaung de=Ei=a mye NGO=Ei=ma yint kyat tay=Ei=fatty poat

commentinfo By: ei lay at Dec 5, 2012
Comment #7

အိ = လူကောင်း
အိ = စိတ်ထားဖြူသူပွင့်လင်းသူ
အိ = ချစ်ဖို့ ကောင်းသူ
အိ = အမြဲမငိုတော့သူ
အိ = လူကြီးဖြစ်လာပြီးသူ 🙂
အိ = ဖက်တီးမလေး

ဒီလောက်ချစ်ဖို့ ကောင်းတာကို ကဲ မငိုနဲ့ တော့ ခဏခဏ

commentinfo By: sharon myorr myor at Dec 5, 2012
Comment #8

He..he..
Rofl.
Ma Yee pe ko ma nay naing dot dar.
Ha..ha…
Thz for make me b happy.
That’s why I Love u more & more.
Muhhhhhhhh.

commentinfo By: ei lay at Dec 5, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment