Professional Authors

ကျွန်တော်နဲ့  ပျောက်ဆုံးနေသော……………..(မိုးထက်အောင်)

ကျွန်တော့်အတွေးတစ်ချို့  မနေ့ ကကျပျောက်သွားခဲ့တယ်
ဝိုင်းဝန်းရှာဖွေပေးကြပါ
အာရုံကတိမ်တိုက်တွေကြားမှာခုန်ပေါက်ပြေးလွှား
မြက်ရိုင်းတစ်ချို့ ကို မြင်းရိုင်းတစ်ချို့ စားသုံး
ခင်ဗျားက မြင်းလား မြက်လား
မကြည့်ပဲလဲ မြင်တွေ့ ကြမှာပါ
သူငယ်တန်းရဲ့နောက်ဆုံးခုံမှာ ကျွန်တော်ကဗျာရေးနေတယ်ဆိုတာ
အမြင်မတော်ရင် ဝေဖန်ပေးသွားကြပါ
ခရီးသွား ဟန်လွဲ ရင်ဘတ်တွေက ကဗျာထဲမှာပဲပျော်ဝင်တယ်
ဆွဲထုတ်လို့ မရ ဆွဲနှုတ်လို့ မရ
ကျွန်တော်မလိမ္မာခဲ့ပါဘူးဆရာမ
(မနေ့ ညနဲ့ ဒီနေ့ ည …..)
အခေါ်အဝေါ်လေးပဲတူတော့တယ်
ကျွန်တော်ဆိုတာ ပညတ်ချက်တစ်ခုဆို
ဘာတွေက ပရမတ်လဲ
အများကြီးလိုချင်လို့  တစ်ခုမှမရခဲ့တဲ့သူ
သံသရာအပူမှာကျင်လည်နေတုန်း
သူတို့ တွေနျူကလီးယားထွင်နေတုန်း
ငါတို့ ကသစ္စာလေးပါးနဲ့ ကိုယ့်လွတ်လမ်းကိုယ်ရှာ
ဒီကမ္ဘာမှာတော်တော်ပျော်စရာကောင်းတယ်
ပြုသူနဲ့  အပြုခံရသူ
အားလုံးက အတူတူပါပဲ
အကြောင်းပြချက်မပါတဲ့ဆွေးနွေးပွဲက
ရေရှည်တည်မြဲဖို့ တော့မဖြစ်နိုင်ဘူးလေ
ဒီပုတ်ထဲကဒီပဲဆိုပေမယ့်
တစ်ခြားပုတ်ထဲမှာလည်း  ဒီပဲတွေပဲတွေ့ ရတယ်
ကျွန်တော့်အတွေးတစ်ချို့ မနေ့ ကကျပျောက်သွားခဲ့တယ်
ဝိုင်းဝန်းရှာဖွေပေးကြပါ
သီလ ၊ သမာဓိ ၊ ပညာ
ဒီနေရာမှာ တော်တော်ရှာယူကြရမယ်
ဒီပုတ်ထဲကဒီပဲဆိုပေမယ့်
တစ်ခြားပုတ်ထဲမှာလည်း………
……………………………………………
ဒီပဲတွေပဲတွေ့ နေရတယ်ဗျာ……………………။                     ။
                                               
   မိုးထက်အောင်

In: ကဗျာ Posted By: Date: Jan 29, 2011
Comment #1

htet mite loh htet ar pay thwar tal

commentinfo By: အသဲကွဲမိုး at Jan 31, 2011
Comment #2

အရင်ထဲကမလိမ္မာတာ

commentinfo By: moehtetaung18 at Jan 31, 2011
Comment #3

အားပေးသွားပါတယ် ကိုမိုးထက်အောင်

commentinfo By: genius.jinx28 at Jan 31, 2011
Comment #4

ကိုကြီး ညီလေး မန်းလေးရောက်နေတယ် ကိုကြီး အကြောင်းကြောင်းကြောင့်ပေါ့ ……အလုပ်လုပ်နေတယ်လေ အဒေါ်ရဲ. သစ်တောထဲမှာ လစာတော့မဆိုးပါဘူး ခုနှစ်သောင်းနဲ.လေ…. စရိတ်ငြိမ်းပေါ့ ကိုကြီးရာ ရန်ကုန်က ဦးဝင်းသိန်းသားနဲ. အင်တာနက်ဆိုင်က ဇင်မောင်က ကိုကြီးသေပြီပြောလို. ကျန်တော့်ဖြင် ၀မ်းနည်းလိုက်တာဗျာ……ယောင်္ကျားကြီး တန်မဲ့ နဲ.ကိုကြီးရာ အဲဒါနဲ. ကိုကြီး ဖြစ်စေချင်တဲ့အတိုင်း ကဗျာ ဆရာတစ်ယောက်ဖြစ်ရမယ်ဆိုပြီး လိုင်းပေါ်ကလူတွေလဲ သိရအောင် ကိုကြီးရဲ.ကဗျာတွေကိုလဲ မြတ်နိုးတက်အောင် ကျန်တော် ကြေညာပေးရတာပါကိုကြီး ….အဲဒါ လိုင်းထဲ က မောင်နှမတွေ ကတော့ ကျန်တော်ကို ၀ိုင်းဆော်ကျတာပေါ့ ဒါပေမဲ့ ကျန်တော် စိတ်မဆိုးပါဘူး သူတို.လဲမမှားဘူးလေ ကျန်တော်လဲမမှားဘူး အကိုကြီးတစ် ခုခု ဖြစ်ခဲ့ရင် ကိုကြီးနေရာမရောက်တောင် နဲနဲတော့မှီအောင် ကြိုးစားမဲ့ ကိုကြီး တပည့်တစ်ယောက်ရှိတယ်ဆိုတာ ကိုကြီးသတိ ရရင်တော်ပါပြီ…. ကျန်တော်အကောင့် က naythura123@gmail .com ပါ ကိုကြီးနဲ. စကားပြောချင်သေးတယ် ကိုကြီးမသေ တာသိတော့ အရမ်းဝမ်းသာတယ်ဗျာ…………………………..ကိုကြီးကိုလေးအမြဲလေးစားမဲ့
တပည်.(ညဏ်လင်းထက်)အားနည်းတဲ့ဘက်ကအမြဲရပ်တည်မဲ့သူ

commentinfo By: nyanlinhtet at Jan 28, 2012
Comment #5

သူငယ်တန်းရဲ့နောက်ဆုံးခုံမှာ ကျွန်တော်ကဗျာရေးနေတယ်ဆိုတာ
အမြင်မတော်ရင် ဝေဖန်ပေးသွားကြပါ…။
သူငယ်တန်းနဲ့တော့ ကဗျာရေးလို့ ဖြစ်နိုင်မယ်မထင်ပါဘူး ကို မိုးထက်..၊ ဒါကြောင့် ဝေဖန်ပေးလိုက်ပါတယ်ဗျာ…။
ဇော်သက်ဦး(Ayatekalay)

commentinfo By: ဇော်သက်ဦး(Ayatekalay) at Jan 28, 2012
Comment #6

@_@
@__@

commentinfo By: ei lay at Oct 28, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment