Professional Authors

“မိတ်ဆွေကြီး”

 

မင်္ဂလာပါ…

မိတ်ဆွေကြီး ‘အလွမ်း’

သင်နှင့်ကျွန်ုပ် မခွဲမခွာ

အတူတကွနေလာတာ အတော်ကြာပြီနော်..       

သင့်ဆီက အထီးကျန်ခြင်းသင်ခန်းစာတွေ

ကျွန်ုပ်အတော်များများ လေ့လာခွင့်ရလိုက်ပါတယ်

မိတ်ဆွေကြီးရေ…

သင်နှင့်ကျွန်ုပ် လက်တွဲဖြုတ်ချင်ပြီ..

အချိန်တန်ပြီမို့ အိမ်ပြန်ပါတော့..

ကျောခိုင်းပြီး ထွက်သွားပါခင်ဗျာ…။

ကိုသီဟ

In: ကဗျာ Posted By: Date: Jul 20, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment