ဗေဒါလမ်း (၃၄) – မယ့်သဘော (ဇော်ဂျီ)
ကမ်းစပ်မှာထိုင်
ကျူမကိုင် လက်မှိုင်ချလို့၊ ငိုင်လှချေတကား။
ကျူရိုးရှင် အခင်သေးရယ်၊ ငေးလှချေတကား။
မငေးလို့ မဖြစ်ပေါင်။
ဒို့ချောင်းမှာ ဖန်လာဆန်း၊ ပန်းရလေအောင်။
မိုးထိအောင် လှေကားထောင်
ထောင်မယ်တဲ့ လတာဘေး။
ပင်ကျရည် တမြူလောက်နဲ့
ချောင်းပေါက်မှာ ငါးပျံမူး၊ မြူးရက်လို့လေး။
အိုအချင်း ကျူရိုးရှင်။
ချောင်းပေါက်မှာ ငါးပျံမြူးပေမယ့်
ကိုယ်မမြူး နေလိုက်လျှင်။
ဆောင်းဦးပေါက်ပြီမို့
ကောက်ပင်နွဲ့ မှည့်ပြီရှင် တံစဉ်ကို ပြင်ပါတော့။
အချိန်တန် စုန်ဆန်မြန်းတဲ့
ပန်းဗေဒါ မယ့်သဘောကို၊ စောလိုက်ပါနော့။ ။
ဇော်ဂျီ
Leave Comments
								 Email me whenever there is new comment
								
																
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
                                           	
                                    		
                                        
 Home
Home Post Masterpiece
Post Masterpiece Register
Register Login
Login



 
 