Professional Authors

ခဏလေးဆိုတဲ့ ဘဝ ဆိုတာလဲ ဒီလိုပါပဲ မိတ်ဆွေ

ကောင်လေးတစ်ယောက် ခေါင်းငိုက်စိုက်ကျလို့ 
ရှုံးနိမ့်ခဲ့ပြန်ပြီပေါ့ ….
သတ်မှတ်ခဲ့ပြီးသားပါ …

ပန်းတိုင်မဲ့ နဲ့  ပြိုင်ပွဲဝင်ခဲ့
နာရီလက်တံ ကလဲအားကျမခံ
ခရီးတစ်ထောက်နားခွင့်ပေးပါ
သူဆက်ပြေးပါလိမ့်မယ်……..

နောက်ပြန်လှည့်ကြည့်ပြီးငါပြေးခဲ့တာ
တော်တော်ခရီးရောက်လာပြီပဲလို့  ကြံဖန် ဂုဏ်ယူရမလား
ဒါမှမဟုတ်…………..
ရှေ့ကိုလှမ်းကြည့်ရင်း ငါပြေးရမှာ
အဝေးကြီးပါလားလို့  စိတ်မောရမလား မသိခဲ့

ခဏလေးဆိုတဲ့ ဘဝ ဆိုတာလဲ ဒီလိုပါပဲ မိတ်ဆွေ
မတ်တပ်ရပ်နေခွင့်ရှိတဲ့ အရာတွေက
သက်မဲ့တွေပါပဲ……………………….
ကဲ..ဆက်ပြေးကြပါစို့ …………………..

In: ကဗျာ Posted By: Date: Dec 11, 2012
Comment #1

@_@
@_@
@_@

commentinfo By: ei lay at Dec 11, 2012
Comment #2

ဟုတ်ကဲ့ရှင့် ပြေးကြမယ်နော်

commentinfo By: မေပျို at Dec 13, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment