Professional Authors

အို မိတ်ဆွေ………….

အို ချစ်မိတ်ဆွေ
ဆောင်ဦးတွင်းဝယ်
လှမ်းလျှောက်နေတုန်း
နှင်းဦးရယ်ဝေ
ရွက်ဝါကြွေတော့
ယခင်ဒီလမ်း
လှမ်းလို့ကြည့်တော့
ရွက်ဝါကော်ဇော
ပြည့်နှက်လို့ပေါ့
တိုးညှင်လေပွေ
တိုးလို့ဆွေတော့
ရော်ရွက်လွင့်ပျံ
မိုးသို့နှံဟန်
ထိုအသံကား
ဆောင်းဦးအလှ
ပန်းချီကားနှယ်
စုတ်သတ်ကယ်လျှက်
အလှနှက်ပြီး
တောတွင်းလျောက်လှမ်း
မြေနီလမ်းဝယ်
မြေရနံသင်း
ဂန္ဒာတွင်းဝယ်
သင်းပြန့်ကယ်မွှေ
ရော်ရွက်ကြွေနဲ့
ဆောင်းတွင်းပွင့်လမ်း
ကတ္တီပါပန်းလမ်း
ကောဇောသဖွယ်
ခင်းကျင်းလို့ပေး
စိတ်ဝယ်အေးပြီး
ပင်ပန်းမှုပျောက်
သုခဘုံနှယ်
လှမ်းတက်သဖွယ်
ဖြစ်နေလေသည့်
တို့ဝန်းကျင်တွင်
သဘာဝလှ
ပြည့်နှက်သော်လည်း
တို့များထိန်းမှ
ရေရှည်ပေါများ
မြစ်ချောင်းအင်းနှင့်
သစ်တောခင်းတို့
မပျောက်မသုံး
တစ်သက်လုံးဖို့
အမြဲမျှော်ကိုး
ဆိတ်သုံးမှာဆိုး
ဝန်ထုပ်ပိုးကို
ဘယ်မှာစိတ်ချ
ရှိကြဘာနည်း
တို့ဝန်းကျင်ကြီး
အလှပန်းချီ
ဆေးရည်မှီသည့်
ထိုအလှမျိုး
ထိုရနံမျိုး
စဉ်မြဲထိန်းလျှင်
ကောင်းပေလိမ့်မည်
စောင့်ရှောက်ပါလေ
ချစ်မိတ်ဆွေ……………………။

In: ကဗျာ Posted By: Date: Dec 16, 2012
Comment #1

Nice

commentinfo By: ei lay at Dec 17, 2012
Comment #2

ကောင်းတယ်ဗျာ။ဆက်လက်ကြိုးစားနော်။

commentinfo By: kyawnainglin174 at Dec 18, 2012
Comment #3

စာလုံးပေါင်းတွေမှားသလို ကာရံအချိတ်အဆက်လည်းမမိပါ။
ကြိုးစားရေးပါကိုမိုးကြီးရေ။လေးစားအားပေးနေပါမယ်။
ကာရံနဲ့ရေးရင်သတိထားမှ။တခြားပုံစံတွေနဲ့မတူဘူး။

commentinfo By: miss tower at Dec 18, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment