Professional Authors

“ မျက်ရည်/မိတ်ဆွေ မရယ်ကြေးပေါ့ ”

 

မှော်တိုက်ထားတဲ့ ပန်းတစ်ပွင့်လောက်နဲ့ ကျွန်တော့်ရဲ့အနမ်းတွေမျှော်လင့်နေရင် ရှင်လွန်တာပေါ့၊

ခံစားချက်ကိုသွန်ချထားခြင်းမရှိရင် ဘယ်ဥယျာဉ်မှာမှ ပန်းမပွင့်ဘူး၊

အနမ်းတွေလည်း လွင့်မျောသွားမှာပဲ၊ ဘကုံး နဲ့ ၀လုံး၊ ခခွေးနဲ့ ယပင့်စသတ် (Life & Love) လောက်သိရင်ပဲ

မိန်းမတစ်ယောက်ရဲ့ တန်ဖိုးကိုနားလည်သင့်ပြီ၊

ကျွန်တော်က သံစဉ်ကိုဝယ်ချင်တာပါ၊ ရှင့်ရဲ့ဘဏ့်အကောင့်ကြီးက ဘာလုပ်ရမှာလဲ၊

တစ်ချိန်ချိန်မှာ အသုံးဝင်ကောင်းဝင်မှာဆိုပေမယ့်၊ ဒီအချိန်မှ မဟုတ်ပဲ၊

ခံစားမှုဗီဇာ မပါခဲ့ရင်တော့ လေဆိပ်ကသာ ပြန်ပါ၊

နှလုံးသားတစ်စုံရဲ့ မီးသဂြိ င်္ုလ်ပွဲ ရှင်နွှဲဖို့ မတန်ဘူး၊ ဘ၀တစ်ခုနဲ့ မာနလဲပွဲ

ရှင် ရဲရဲ့လား၊ ဆူးရှိလို့နှင်းဆီဖြစ်ခဲ့တာမှ      မဟုတ်ပဲ၊

(နောက်ပစ်ကိုဖြုတ်၊ ကောက်ကျစ်စဉ်းလဲလို့ခေါ်)

ပြောပါ၊ ရှင် ရိုးသားမှာလား၊

မာနနဲ့ သိက္ခာရဲ့ ၀ါးမျိုမှုကို အခုကတည်းက ပျိုးထောင်၊

နားလည်မှုဆိုတာ ကျားယောင်ဆောင်ပြီး မပြုစု၊

Life & Love ကို စု/တု/ပြု လောက်ဆိုရင်တော့၊

ကျွန်တော့်နှလုံးသားကို သော့ပိတ်၊ နှုတ်ခမ်းပြတ်မတတ်ပဲ အိပ်တော့မယ်၊

မျက်ရည်ဆိုတာ မရယ်ကြေး၊ မိတ်ဆွေဆိုတာ မငိုကြေး

 

လကွယ်

In: ကဗျာ Posted By: Date: Mar 12, 2012
Comment #1

နှစ်သက် စွာ အားပေးသွားတယ်ဗျာ

commentinfo By: အသဲကွဲမိုး at Mar 12, 2012
Comment #2

ကဗျာကောင်းတစ်ပုဒ် ~~
ကဗျာရေးသူနာမည်က လကွယ်နော်
ကျွန်တော်က English Name ကိုကြည့်ပြီး ကဗျာရေးသူနာမည်က လကြယ်ထင်လို့
ကိုလကွယ် အရေးအသားတွေက အတော်ဆန်းကြယ်သဗျ ။

commentinfo By: X - ray at Mar 12, 2012
Comment #3

mike de

commentinfo By: ei lay at Mar 12, 2012
Comment #4

ဟုတ်ကဲ့ ကျေးဇူးပါဗျာ။ English Name ကိုပေးတုန်းက
w တစ်လုံးကျန်ခဲ့တာဗျ၊ ကွန်ကလည်း မကောင်းတော့
ပြန်ပြင်တာမရဘူး၊ အဲဒါနဲ့ ဒီအတိုင်းပဲထားလိုက်တာပါ။
အားပေးကြတာ ကျေးဇူးတင်ပါတယ်ဗျာ။

commentinfo By: La Kyal at Mar 13, 2012
Comment #5

………….. ကျနော် သိပ်ကြိုက်မိပါတယ် …………….
စကားလုံးလေးတွေ ရေးဖွဲ့ ထားတာသိပ်လှတယ်
ဆန်းသစ်မှုတွေအနဲ့ နုပျိုနေတဲ့ ကဗျာ ကောင်းတပုဒ်ဗျာ
ကျနော်အမြဲအားပေးနေပါ့မယ်
လေးစားလျှက်

commentinfo By: sharon myorr myor at Mar 13, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment