Professional Authors

ကိုယ်တိုင်ရေးရာဇ၀င် (ဆူးနစ်ရင်)

အစကောင်းပေမယ့်  
အနှောင်းမသေချာခဲ့ပါဘူး
အရာရာဟာ
စနစ်တကျ လွဲချော်ခဲ့ပြီးတာတောင်မှ
လွဲချော်မှုတွေ စနစ်တကျ  
ဖြစ်လာနေတဲ့ ဘ၀ . . .
အဲဒီဘ၀ ဆိုတာကိုပဲ
ကျောသပ်ရင်သပ်နဲ့
လူလားမြောက်ချင်ယောင်ဆောင်ခဲ့ရ။
လွမ်းမယ်ဆို လွမ်းလောက်စရာချည်းပဲ
ပြန်တွေးရင်
ကိုယ့်အိပ်မက်ကိုယ် ချော့သိပ်လာခဲ့တာလည်း
ငွေရတု တိုင်ပြီ
နောက်ဆုံးတော့လည်း
“ဒီလိုပါပဲလေ” ဆိုတဲ့ ဖြေဆေးစားပြီး
ဝေေ၀၀ါးဝါး မနက်ဖြန်ကို
ဝူးဝူးဝါးဝါး ပဲဖြတ်သန်းရတော့မယ် . . .
တစ်ခုတော့ ကြိုတွေးထားတယ်
နာမည်မကြီးနိုင်သော်ငြားလည်း
ထမင်းတော့ ငတ်နိုင်သေးတယ်. . . လို့ ။       ။
                                                  ဆူးနစ်ရင်

In: ကဗျာ Posted By: Date: Jul 18, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment