Professional Authors

တဆင့်စကားဖြစ်သော ကိုယ်တွေ့များ (ဆူးနစ်ရင်)

အုန်းမောင်း ခေါက်ပြီ
မျှော်လင့်ချက် တဖြန်းဖြန်းနဲ့
ငယ်မူငယ်သွေးက 
အော်ကြီးဟစ်ကျယ် တွန်တယ် 
ဘာလုပ်မှာလဲ
ထင်းခွေမှာလား ရေခပ်မှာလား
ဘာလုပ်မှာလဲ
နွားကျောင်းမှာလား မြက်ရိတ်မှာလား
ဘာလုပ်မှာလဲ
နေ က ထန်းတဖျား ရောက်ပြီ
တောင်တောင်အီအီ နေ့လယ်ခင်း
အပ်ကြောင်းထပ်ထပ် ငြီးငွေ့မှု
မထူးဆန်းပါဘူး (ဒီလိုပါပဲ)
ဘ၀ က ခဏ ခဏ သန်းဝေ လို့
တစ်ရေးတစ်မော အိပ်ကြစို့လိုလို 
ဘာလိုလို . . .
နေစောင်းပြီ (နွားရိုင်းသွင်းချိန်ရောက်ပြီ)
ငါ ကောက်ကိုင်လိုက်တာ ဘာလဲ
ဓါးလား . . . ရေပုံးလား . . .
ကြိုးလား . . . တံစဉ်လား . . .
ငါ သိလိုက်ပြီ ဆိုတော့
ခုနက တရုန်းရုန်း နွားအုပ်ထဲ
ရောရောယောင်ယောင်ပါသွား . . . ငါ ။      ။

In: ကဗျာ Posted By: Date: Jul 10, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment