Professional Authors

ပင်လယ် (ဆူးနစ်ရင်)

မြစ်ကောက်ကွေ့တော့ လူသိတယ်ပေမယ့်

ပင်လယ်ကောက်တာ  မမြင်သာဘူးလေ

ဒီလောကဓံလှိုင်းတွေကြားမှာ

ပေါ်ရကောင်းမှန်းကို မသိတော့တဲ့ကောင်

ကမ်းစပ်ပစ်တင်ခံရတဲ့ အမှိုက်တစ်စလို ငြိမ်သက်

လူဖြစ်ရတဲ့ဒုက္ခ ဆိုတဲ့ သီချင်းစာသားကို

အထပ်ထပ် ညည်းဆိုရင်း

ကံကြမ္မာစီးဝင်လာသမျှ

ရင်နဲ့မမျှအောင် ခံစားခဲ့ရ

ခံစားနေရရင်း လ ရဲ့ဆွဲအားမှာ

မျက်စိစုံမှိတ် တိတ်တိတ်လေး

လွင့်မျောနေချင်ရဲ့

အဲဒီလိုမျိုး

လှပ တိတ်ဆိတ်တဲ့ည

သာသာပြေပြေ လေညင်းလေးတွေနဲ့

ရှင်းသန့်တဲ့ ရနံ့နဲ့အတူ

ပင်လယ်ရေ ……………….

အတွေးတွေနဲ့ပဲ လွမ်းတယ် ။       

In: ကဗျာ Posted By: Date: Dec 21, 2011
Comment #1

ကဗျာက ချစ်စရာလေးဗျ။အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Dec 21, 2011
Comment #2

wow,,,,,,,,,,,,
wow,,,,,,,,,,,,,

commentinfo By: ei lay at Dec 21, 2011
Comment #3

အဲဒီလိုမျိုး

လှပ တိတ်ဆိတ်တဲ့ည

သာသာပြေပြေ လေညင်းလေးတွေနဲ့

ရှင်းသန့်တဲ့ ရနံ့နဲ့အတူ

ပင်လယ်ရေ ……………….

အတွေးတွေနဲ့ပဲ လွမ်းတယ် ။ ။

commentinfo By: ဇော်သက်ဦး(Ayatekalay) at Dec 22, 2011
Comment #4

ပင်လယ်ကောက်တာ မမြင်သာဘူးလေ………….

commentinfo By: May Kha at Dec 22, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment