Professional Authors

လူလွမ်း(မင်းလူန)

ဇာတ်အိမ်စတည်းကတည်းက
တစ်ဖတ်သက်နဲ့ ဆိုတော့ 
အလွမ်းက
နေသားတကျကိုနေရာယူတော့ တာပဲ
အချစ်အကြောင်းပြောတဲ့ ကဗျာနဲ့ 
အချစ်ကြောင့် ဘေးသင့် နေတဲ့ ကဗျာဆရာ
ဘယ်လိုလုပ်အဆီအငေါ်တည့် နိုင်မှာလဲ
ကဲ…ဒီကပဲစမယ်မေ…..
နှလုံးသားတစ်ခုလုံးမှာကိုက
မင်းရဲ့ စိတ်နဲ့ ပိတ်လှောင်နေတဲ့ နံရံလေးဖတ်ရှိတယ်
ဒါဟာရိုးရင်းသလိုနဲ့ 
သိပ်ဆန်းသစ်တဲ့ လက်နက်တစ်မျိုးလို
ငါ့ ကိုထိုးနှက်တိုက်ခိုက်ပြီးရှင်သန်ခိုင်းထားတယ်
ဟိုဘက်ကိုလှည့် လို့ မရတဲ့ 
ကျောခိုင်းခြင်းမျိုးဆိုတာ
တစ်ကယ်တော့ အနှုတ်လက္ခဏာဆန်ပါတယ်
ငါလိုက်လို့ မမှီတဲ့ မနက်ဖြန်ကို
မင်းဖန်တီးဖို့ တော့ စွမ်းတယ်လို့ အကြွင်းမဲ့ ယုံကြည်မိသွားတဲ့ အချိန်
ငါရှုံးတယ်………
တစ်ကယ်တော့ အချစ်ဆိုတာ
ပြိုင်ပွဲမဟုတ်ပါပဲနဲ့ 
အနိုင်အရှုံးတွေပေါ်ပေါ်လာတဲ့ ပုစ္ဆာလိုပဲထင်တယ်
ထွက်တဲ့ အဖြေနဲ့ 
တွက်တဲ့ သူတစ်ထပ်တည်းကျခဲ့ ရလေခြင်းကွယ်
ရောင့် ရဲနိုင်တဲ့ စကားလုံးတွေမြိုချပြီး
မနက်ဖြန်ကိုကြိုလွမ်းနေတက်တာကိုက
တစ်ဖတ်သက်သမားတစ်ယောက်ရဲ့ 
အခမ်းနားဆုံးချစ်တက်ခြင်းတွေလိုလို……………
……………………………………………………..မင်းလူန

In: ကဗျာ Posted By: Date: May 26, 2011
Comment #1

မနက်ဖြန်ကိုကြိုလွမ်းနေတက်တာကိုက
တစ်ဖတ်သက်သမားတစ်ယောက်ရဲ့ 
အခမ်းနားဆုံးချစ်တက်ခြင်းတွေလိုလို……………
ကိုမင်းလူန ..အားပေးသွားပါတယ်။

commentinfo By: poem.jinx28 at May 26, 2011
Comment #2

ကျောခိုင်ခြင်းမျိုးဆိုတာ တကယ့်ကိုအနှုတ်လက္ခဏာဆန်ပါတယ် အရေးကောင်းလှချည်ရဲ့ 

commentinfo By: မိုးသစ်လေပြေ at May 27, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment