Professional Authors

မျက်

အရိပ်အယောင်တွေ ပြနေပြီလေ..
မိုးတွေကလည်း ရွာတော့မယ် ထင်ပါရဲ့
သံယောဇဉ်ကို မငဲ့ကွက်တတ်တဲ့ ပါးကွပ်သား မိုးတိမ်တွေလည်း
အခု …. ငါ့ကောင်းကင်မှာ ညိုမဲပြနေပေါ့..။

ဒီလိုပါပဲ
ချစ်သူရဲ့  ဥတုသုံးပါးဟာ
ငါ့ ကမ္ဘာမှာ သာတစ်ခါ ပျက်တစ်လှည့်
ငါ့ ရင်ဘတ်ဟာလဲ နာတစ်ခါ မျက်တလှည့်ရယ်ပါ။

ပြီးလုပြီးခင် ဇာတ်ဝင်ခန်းဟာ
နောက်ဆုံးအပိုင်းမှာ ရောက်နေခဲ့ပြီလား
အဖြစ်အပျက်အဟောင်းတွေကြားမှာ
ရင့်ကျက်ဖို့ အားယူနေပါတယ် ဆိုပါမှ
ကိုယ့် ချစ်သူကတော့
ကောက်ရိုးတစ်မျှင်ဆိုတာ ဝေးလို့
နှလုံးသားကိုတောင် ၀ါးကူထိုးပေးနေလေရဲ့ ။

ချစ်ခြင်းမေတ္တာကို တောင်တန်းတစ်ခုလို ထမ်းပိုးရင်း
သူ့ ခြေတော်ရင်းမှာ ၀ပ်ဆင်းဖို့
ဝဋ်ကြွေးတစ်ချို့နဲ့ မွေးဖွားခဲ့တဲ့ လူငယ်တစ်ယောက်
ငရဲက လာခဲ့သူမို့ ခုတော့ ပြာပူကိုလဲ မကြောက်ချင်တော့ပါဘူးလေ။

ကဲ.. ငါ့ရဲ့ ကောင်းကင်လေးရေ…
နင်စုထားတဲ့ နှစ်ချို့ နာကျည်းခြင်းတွေ
မုန်းတိုင်းလိုပဲ ငါ့ပေါ်ကို ခြွေချ
ငါ့အသည်းဟာ နင့်စက်ကွင်းမှာ ပြာကျနေခဲ့ပြီ။

In: ကဗျာ Posted By: Date: Jul 14, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment