Professional Authors

အိမ်

လိမ်ညာမှုတွေဝေးလို့ 
နွေးထွေးလှတဲ့ ငါ့ ရဲ့ အိမ်
အိမ်လေးထဲမှာ
ဟန်ဆောင်မှုမျက်နှာဖုံး
သုံးစရာမလို ဘူး..။
အသက်မဲ့ အပြုံး  ပြုံးဖို့ မလိုဘူး..။
မကျေနပ်ရင် ချက်ချင်းရှင်းလို့ 
နေချင်သလို နေခွင့် ရှိတယ်..။
နောက်ကျောကို ဓားနဲ့ ထိုးမှာ
မကြောက်ရသလို
အထအနတွေ မကောက်ကြဘူး..။
လွတ်လပ်ခွင့် ရှိ တဲ့ 
အဲသလို အိမ်မျိုး
အရင်ကတန်ဖိုးမသိခဲ့ ပေမဲ့ 
လုပ်ငန်းခွင်ဝင်ရကာမှ
အနဂ္ဃ ထိုက်မှန်းသိရတော့ တယ်..
မြတ်နိုးရတဲ့ အိမ်ကလေးရယ်…။

In: ကဗျာ Posted By: Date: Aug 24, 2010
Comment #1

ဟုတ်တယ်နော်…လုပ်ငန်းခွင်ဝင်မှ အိမ်ရဲ.တန်ဖိုးကိုပိုနားလည်လာတယ်.. 😀

commentinfo By: Shwe Ngar at Aug 25, 2010
Comment #2

တကယ်ပါဗျာ အိမ်ရဲ့တန်ဖိုးကိုခုမှပဲနားလည်တော့တယ်………..

commentinfo By: cho zin at Aug 25, 2010
Comment #3

100% right

commentinfo By: ei lay at Oct 17, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment