Professional Authors

အမှတ်တမဲ့….နှင်း

အရာရာ

နင့်ဖက်က အမှတ်တမဲ့ဆိုပေမယ့်

ငါ့စစ်မျက်နှာမှာ အမှတ်တရပေါ့

ငါပိုင်ဆိုင်ရာ

ငါ့နိုင်ငံတော်လည်း ပြိုလဲခဲ့ပြီ

ငါ့သစ္စာတရားလည်း…သွေးစိမ်းရှင်ရှင်

မိသခင်မခြေတော်ရင်းမှာ ဒူးထောက်နာကျင်ခဲ့ပြီ

ငါ့မြို့ဟောင်းနံရံမှာ

ငါ့နှလုံးသွေးဆေးရေးလည်း နီမြန်းခြောက်သွေ့ခဲ့ပါပြီ

တကယ်ဆို…ဥပေက္ခာကို

ရင်ချပ်လွှာပုဝါပါး ဆင်မြန်းတောက်ပတဲ့ အချစ်နတ်ဘုရားဟာ

မိမာယာရှင်

မိကဝေမ ‘ နင် ‘ ဖြစ်ပါတယ်

နှင်းရယ်…

ငါ့ရဲ့ဆောင်းလည်းတစစီပြိုကွဲလုပေါ့

မျက်ရည်ငှက်ကလေးလည်း

ဘယ်ဆီဘယ်ဝယ်

ပျံသန်းပျောက်ကွယ်လုပေါ့။ ။

ဆရာဘုန်းနေသွန်းရဲ့ကဗျာပါ။ နှစ်သက်ကြမယ်ထင်ပါတယ်

In: ကဗျာ,Others Posted By: Date: May 24, 2010
Comment #1

မူရင်းကဗျာများကို http://www.maungphone.wordpress.com တွင်ဖတ်ရှုနိုင်ပါသည်။

commentinfo By: paing at May 24, 2010
Comment #2

ကိုပိုင် ခင်ဗျား ..

အကိုတင်ပေးထားတဲ့ ကဗျာမှာ ကဗျာဆရာအား Others လို့ရွေးချယ်ထားသောကြောင့် ကဗျာ၏အောက်တွင် ကဗျာဆရာနာမည် ရေးပေးစေလိုပါသည်။ အကယ်၍ အမည်နာမမသိခဲ့သော အမည်မသိလို့ တတ်ပေးပါခင်ဗျာ။ Edit ဟူသော ခလုပ်အားနှိပ်ခြင်းဖြင့် ဖြည့်စွက်နိုင်ပါသည်။

commentinfo By: admin at May 24, 2010
Comment #3

နှင်းရယ်…

ငါ့ရဲ့ဆောင်းလည်းတစစီပြိုကွဲလုပေါ့

မျက်ရည်ငှက်ကလေးလည်း

ဘယ်ဆီဘယ်ဝယ်

ပျံသန်းပျောက်ကွယ်လုပေါ့။ ။

commentinfo By: အနီရောင်နှင်း at Mar 22, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment