Professional Authors

ဈေးကိုင်ခြင်း

ဈေးအကြီးဆုံးအရာတွေဟာ
ရေရှည်မှာ အသက်သာဆုံးဘဲဖြစ်တယ်
ဒီလို အဆိုမိန့်တခုကြားပြီးထဲက
တချို့သော ငါ့နေထိုင်ခြင်းတွေက
ဈေးကြီးသွားတယ်
တချို့ကို ငါဈေးကိုင်လိုက်တယ်
နောက်ဆုံး ငါ့နှလုံးသားကိုတောင်
ဈေးပေါပေါနဲ့ မရောင်းနိုင်ဘူး
ကိုယ်ကျင့်တရားများ
မာနများ ၊ သိက္ခာများ
သစ္စာတရားများ 
အားလုံးမှာ ငါ့ရဲ့သတ်မှတ်တဲ့ဈေးနှုန်းတွေနဲ့ပေါ့…..။

In: ကဗျာ Posted By: Date: Oct 7, 2011
Comment #1

ငါ့နှလုံးသားကိုတောင်
ဈေးပေါပေါနဲ့ မရောင်းနိုင်ဘူး……
… A Yamm Hote Tal…………

commentinfo By: Zin Zin at Oct 7, 2011
Comment #2

အဆိုမိန့်တခုကြားပြီးထဲက
တချို့သော ငါ့နေထိုင်ခြင်းတွေက
ဈေးကြီးသွားတယ်

commentinfo By: nwenyeinaye at Oct 7, 2011
Comment #3

ကျေးဇူးပါနော်

commentinfo By: laminpaing at Oct 8, 2011
Comment #4

mike de,,,
ha,,ha,,

commentinfo By: ei lay at Nov 16, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment