Professional Authors

ကျောင်းကဗျာ

ပြန်တွေးကြည့်လိုက်တော့
မနေ့တစ်နေ့က အတိုင်း…
မခွဲခွာခင်အထိ နွေ မိုး ဆောင်း
သုံးရာသီလုံး
ငါတို့ရဲ့ အနာဂတ် အိပ်မက်တွေ
ကျောင်းရင်ခွင်ထက်
အ၀င်အထွက် ခြေရာချင်းထပ်ရင်း…
ငါတို့ရဲ့ တက်ကြွခြင်းက
ကျောင်းစာသင်ခန်းထဲမှာ…
ငါတို့ရဲ့ ပျော်ရွှင်ခြင်းက
ကျောင်းလမ်းလေးပေါ်မှာ…
ငါတို့ရဲ့ ကြည်နှုးခြင်းက
ကျောင်းကင်(န်)တင်း တ၀ိုက်မှာ…
ငါတို့ရဲ့ စည်းလုံးခြင်းက
ကျောင်းရှေ့က အဆောင်မှာ…
ငါတို့ရဲ့ ဆွတ်ပျံ့ခြင်းက
အဆောင်ရှေ့ က ဂစ်တာသံမှာ…
ငါတို့ရဲ့ လွမ်းမောခြင်းက
အဆောင်ထက်က ၀ရန်တာမှာ…
ငါတို့ရဲ့ နာကျင်ခြင်းကတော့
ကျောင်းရဲ့ အရိပ် ခွဲခွာခဲ့ခြင်း အတိတ်မှာ…
လွတ်ထွက်သွားမှာ စိုးလို့
တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ခါမှပဲ
ငါတို့ရဲ့လက်တွေဟာ ဝေးလို့…ဝေးလို့…
အမှတ်တရတွေ
အိပ်မက်တွေ အားလုံးဟာ
တိမ်တွေလိုပဲ
ဖမ်းဆုပ်လိုက်တိုင်း လွင့်ပါလို့ သွားရဲ့လေ…
နားစွင့် ကြည့်ရင်တောင်
အသံ တစ်စွန်းတစ်စ မကြားတော့ပေမဲ့
ဒီဘ၀ထဲ ကူးခတ်နေရင်း
တစ်ခါ တစ်လေ မှ
လှမ်းငေးမိရင်တောင်
အတိတ်ရဲ့ တောအုပ်လေးဟာလေ
အမြဲကို စိမ်း…လန်း…လို့…။

In: ကဗျာ Posted By: Date: Sep 26, 2011
Comment #1

စာသားတွေ ကောင်းတယ်ဗျာ ရင်ကို ထိတယ်

Comment #2

တကယ်ကောင်းလိုက်တာဗျာ တကယ်ထိတယ် share သွားလိုက်တယ်နော်အစ်ကို

commentinfo By: Sat Naung at May 25, 2013
Comment #3

ကေင်းပါတယ်

commentinfo By: အနောက်ရိုးမတောင်တန်းမှမျိုးချစ်လူငယ်လေးတစ်ယောက် at Oct 3, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment