Professional Authors

“ရုန်းရင်း….ကန်ရင်း…သူငယ်ချင်း”

“ရုန်းရင်း….ကန်ရင်း…သူငယ်ချင်း”

womb&tomb.jpg

“Life is a struggle”ကွ
ရုန်းရင်း၊ကန်ရင်းပေါ့…
သူငယ်ချင်းရယ်

ဘ၀ဆိုတာ…တိုက်ပွဲတဲ့
မနိုင်ရင်တော့ ရှုံးမှာပဲ
လဲရင်ပြန်ထ … ဒါဘ၀ကွ


ဘ၀ဆိုတာ

Director မလိုဘူး၊Producerမလိုဘူး
Actor / Actress အဖြစ်နဲ့ မင်းကိုယ်တိုင်
လောကဇာတ်ခုံပြစင်ပေါ်မှာ
တင်ဆက်ဖျော်ဖြေကပြခွင့်ရမယ်လေ …
ဒါပေမယ့်…မှားသွားရင်တော့လား
ပြန်ပြင်ဖို့ အခွင့်အရေး (သူ့ )မှာမပေးဘူး …

အခမဲ့ချလို့ ပေးထားတဲ့ Canvas တစ်ချပ်မှာ
လိုရာပုံဖော်လို့ စိတ်ကြိုက်ပန်းချီရေးခြစ်လို့ ရတယ်
သို့ သော်လည်း…အမှားပြင်ဆင်ချက်နဲ့ 
နောက်ကြောင်းတွေပြန်ဖြည့်ဖို့ ရာ  လုံးဝခွင့်မပြုပါ …

Domain Name ၀ယ်စရာမလိုတဲ့FreeWeb-Page တစ်ခုမှာ
ငါတို့ ကြိုက်တဲ့ Platform ကနေ၊စိတ်ကြိုက်ProgrammingLanguageနဲ့ 
ရေးဆွဲကာပုံဖော်ပြလို့ ရတယ်
ချွင်းချက်…ပြန်လည်မွမ်းမံကာ ဖြည့်စွက်တင်ဆက်လို့ မရ …

ဒီလိုနဲ့ ပဲ
မေးဖွားခြင်းနဲ့ သေဆုံးခြင်းကြားမှာ
ရုန်းရင်း၊ကန်ရင်းနဲ့ လှုပ်ရှားနေရတာ
Game ပွဲတစ်ပွဲအလားပမာ
Win (or) Game over တစ်ခုခုတော့
ငါတို့ တွေ သေချာပေါက်ရမှာပါ ….

လှုပ်ရှားမှု့ ဟာရပ်တန့် သွားရင်
ဘ၀တွေလည်း (တန့် ) သွားနိုင်တယ်ကွ ….

လူ့ ပြည်ထဲခြေမနင်းခင်
မေမေ့ဝမ်းထဲသန္ဓေတည်စ
ဟိုး…လူ့ ဘ၀ကြီးရဲ့ အစကတည်းကိုက
ငါတို့ တွေ ရုန်းကန်ခဲ့လိုက်ရတာ …

လှုပ်ရှားမှု့ သာမပါကြည့်ပါလား
မေမေ့ဝမ်းအတွင်းထဲ
ရေမွှာတွေ မွှမ်းလို့ ပဲ
ငါတို့ တွေ လူ့ လောကကြီးပေါ်ခြေဆင်းလို့ 
မြေနင်းခွင့်ရပါ့မလားနော် ….

လှုပ်ရင်း၊ရှားရင်းနဲ့ ပဲ
အူဝဲလို့ မြည်တမ်းကာ
ကမ္ဘာမြေကြီးထဲကို
လည်လည်တစ်ခေါက်
ရောက်လာလိုက်တာ …..~

ဟူးးးးး
ခန္ဓာတွေ မချုပ်ငြိမ်းလို့ 
မနက်ဖန်တွေ မသိမ်းခင်အထိတော့
(နောက်တစ်နေ့  မကူးခင်အထိပေါ့)
လှုပ်ရင်း၊ရှားရင်းနဲ့ ပဲ
ရုန်းကန်သွားရဦးမှာပါလား . . . ။        ။

“Life is time between womb & tomb! “

♥MOESUTNAY♥
11.7.2010(Sun)
7:20p.m.

In: ကဗျာ Posted By: Date: Jul 14, 2010
Comment #1

ဟူးးးးး
ခန္ဓာတွေ မချုပ်ငြိမ်းလို့ 
မနက်ဖန်တွေ မသိမ်းခင်အထိတော့
(နောက်တစ်နေ့  မကူးခင်အထိပေါ့)
လှုပ်ရင်း၊ရှားရင်းနဲ့ ပဲ
ရုန်းကန်သွားရဦးမှာပါလား . . . ။ ။

“Life is time between womb & tomb! “

ူlike this …xo xo much !!!!!!!!

commentinfo By: ZANZAN at Jul 15, 2010
Comment #2

ဘ၀ဆိုတာ
Director မလိုဘူး၊Producerမလိုဘူး
Actor / Actress အဖြစ်နဲ့ မင်းကိုယ်တိုင်
လောကဇာတ်ခုံပြစင်ပေါ်မှာ
တင်ဆက်ဖျော်ဖြေကပြခွင့်ရမယ်လေ …
ဒါပေမယ့်…မှားသွားရင်တော့လား
ပြန်ပြင်ဖို့ အခွင့်အရေး (သူ့ )မှာမပေးဘူး … တဲ့….။

မြေနိမ့် ဇာတ်တွေလား တန်းမြင့်ဇာတ်တွေလား…။
ဘယ်နေရာမှာ သရုပ်ဖော်တင်ဆက်ရမယ်ဆိုတာတွေရွေးရင်း
ကျွန်တော်တို့တွေရဲ့ ကိုယ်ပိုင်တစ်နေရာကို ဖွေရှာ
လောကဇာတ်ခုံမှာ….ပေါ့…။

(နှစ်လိုစွာ ခံစားသွားမိတဲ့ကဗျာ 😀 )

commentinfo By: John Moe Eain at Jul 15, 2010
Comment #3

life,,
life,,
although want to pass with only beloved persons,impossible.
life is a war,

commentinfo By: ei lay at Feb 18, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment