Professional Authors

လိုအင်ဆန္ဒများပြားချင်း

ပွင့်လွှာတွေ ခြွေချခံထားရတဲ့ နှင်းဆီတစ်ပွင့်ရဲ့ သိက္ခာကို
ဘယ်လိုစကားလုံးမျိုးနဲ့ မြှင့်တင်ပေးချင်သေးလဲ
ဗေဒင်ဆရာဟောတဲ့ မိုးလေဝသလိုမျိုး
တောက်တဲ့ အော်သံကြားတိုင်း
လေလား မိုးလား ရွတ်နေရတဲ့ ဘဝမှာ
ဘယ်နှခါမှန်းမသိတဲ့ သက်ပြင်းတွေက မှင်နီတွေရဲလို့
နယူတန် ရဲ့ နိယာမတွေကို မုန်းတယ်
မျက်ရည်တစ်စက်ရဲ့ တင်းအားဟာ
ဘယ်အရာနဲ့များ အချိုးကျပါသလဲ
ကတ်ကိုဘိန်း ရဲ့ လက်ညှိုးတစ်ချက် ကွေးသံကို
တစ်ကမ္ဘာလုံးက ကြားလိုက်ရတယ်ဆိုရင်
သင်ယုံမှာလား။
အ “အ” တစ်ယောက်ရဲ့ အဆိုတော်ဖြစ်လိုမှုမှာ
ဆန္ဒက ဘယ်နှရာခိုင်းနှုန်း
သံသယက ဘယ်နှရာခိုင်နှုန်း ပါဝင်ပါသလဲ
ဆိုလိုရင်းက
ချက်ကော့ဗ် ရဲ့ သေနတ်လိုမျိုး ရှင်းတယ်
တယောသံ ကြားရင် လွမ်းမယ်
နှဲသံကြားရင် ငိုမယ်။
နောက်ဆုံး နတ်သံနှောပီးတော့
ဘဝကို ဘဝနဲ့ ရင်းပီးနာပစ်လိုက်မယ်
ကျွန်တော့ရဲ့ မသိတတ်လိုက်ပုံများ ပြောပါတယ်
စိတ်ရူးနဲ့ လက်ပစ်ကူးခဲ့ လိုက်တာ
ကမ်းကိုတောင် မမြင်ရတော့ဘူး။
ကောင်းမြတ်

In: ကဗျာ Posted By: Date: Jul 11, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment