Professional Authors

သောင်ပြင်မှာလွတ်တဲ့အိပ်မက် (ဆူးနစ်ရင်)

ရှဥ့်လည်း လျှောက်သာ
ပျားလည်း ဆွဲသာအောင်
အားထုတ်ခဲ့ပေမယ့်
ငါ့ အဖြစ်က ဖွတ်မရတဲ့အပြင်
ဓါးမ ပါ ဆုံးခဲ့ရတယ် . . .
ဘ၀ က ယုန် တောင်ပြေး
ခွေး မြောက်လိုက် ဖြစ်နေတော့
ကျား ထက်ဆိုးတဲ့ ရှင်ကြီးတွေနဲ့သာ
အခါခါ ကြုံခဲ့ရပေါ့ . . .
အိပ်မက်တွေရယ် . . .
ဆင့်ပါးစပ်ကို နှမ်းလာမပက်ကြပါနဲ့
ငါးဖျံတစ်လှည့် ဗုံလုံတစ်လှည့်ဆိုတာ
ဘယ်သူ့အတွက်လဲ တွေးရင်း
သောင်ပြင်မှာလည်း ပြေးခဲ့ဖူးပြီ . . .
မျောက်သစ်ကိုင်းလွတ်စိတ်ကူးမှာ
ဆင်သွားရင် လမ်းဖြစ်သော်ငြား
ငါ အလီလီ သွားခဲ့ပြီ
ခုချိန်ထိ လမ်း မဖြစ်သေးဘူး ။         ။

In: ကဗျာ Posted By: Date: Jul 10, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment