Professional Authors

ကျုံးသွင်းခံရတဲ့အိပ်မက် (ဆူးနစ်ရင်)

ဒီမှာ ကိုယ့်လူ
ညောင်သီး မစားရရင်နေ
လေးသံတော့ နားထောင်မနေနိုင်ဘူး
စီးကရက်တစ်လိပ်လို
တတိတိ လှိုက်စားခံရတဲ့ ဘ၀တွေ
ဘယ်သူ မီးညှိလိုက်တာလဲ 
ပြောပါ . . .
သူ့ကြည့်လိုက်လည်း မီးခိုးတလူလူ
ငါ့ကြည့်လိုက်လည်း မီးခိုးတလူလူ
ကိုယ့်စိတ်ကို မ ဆုံးမ, တတ်သေးတော့လည်း
လောကကြီး ဆိုတာနဲ့လည်း
မျက်နှာကြော သိပ်မတည့်ချင်ဘူး
“ ငါ့ ဘ၀ မှာ မဖြစ်နိုင်တာ ဘာမှ မရှိဘူး “
ဟိုတုန်းကတော့ 
အဲဒီလို ပြောခဲ့ဖူးတယ် ထင်တာပဲ။         ။

In: ကဗျာ Posted By: Date: Jul 10, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment