Professional Authors

နောက်ဆုံး ၀ါကျကို ချရေးပြီးရင် ငါ့ကိုယ်ငါ မျဉ်းပိတ်ပစ်မယ်

အေးခဲ နာကျင်မှုဟာ အရေပြားထဲ တိုးခွေ့ဝင်လာတယ်
ရောင်ကိုင်းပွန်းပဲ့နေတဲ့ ရှင်သန်ခြင်းကိုက ငြိမ်းခါနီး မီးတစ်စပဲ
“ငါ”ဟာ ဘာအတွက်လဲ
“ငါ”ဟာ ဘာအတွက်လဲ
ဆေးဆိုးပန်းရိုက်ထားတဲ့ အကောင်းစားလောကကြီးရေ
“ငါ”ဟာ ဘာအတွက်လဲ
ပျံသန်းဖူးတယ်ဆိုတာလည်း စက္ကူစွန်တစ်စင်းလို ကြိုးတန်းလန်းနဲ့
ပျော်ခဲ့ပြုံးခဲ့သမျှက လည်း ပြိုင်မြင်းတစ်ကောင်လို ပါးချပ်ကြိုးနဲ.
နောက်တစ်ခါ ဒီလို လဲမကျအောင်
ခုကတည်းက ပြန်ထမနေတော့ဘူး

In: ကဗျာ Posted By: Date: Dec 25, 2012
Comment #1

နောက်တစ်ခါ ဒီလို လဲမကျအောင်
ခုကတည်းက ပြန်ထမနေတော့ဘူး

မိုက်တယ်ဗျာ

commentinfo By: 13th at Dec 25, 2012
Comment #2

Nope.

Le yin pyan hta Lu ba wa.

Fighting.
Don’t give up.
Ur goal is near u.

commentinfo By: ei lay at Dec 26, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment