Professional Authors

သိုလှောင်ခြင်း – မောင်စိန်ဝင်း (ပုတီးကုန်း)

“မေတ္တာ” ဆိုတဲ့ ပန်းနုလွှာ၊
သိမ်းဆည်းကာ ရင်မှာစု၊
ဘယ်သူ့တွက်လဲ၊
မဆင်ရဲသူမို့၊
ရင်ထဲမှာ ပန်းတွေစု၊
သူ့တွက်ပါပဲ။

“စကား” ဆိုတဲ့ ငှက်ညိုပြာ၊
နားနေကာ နှုတ်မှာစု၊
ဘယ်သူ့တွက်လဲ၊
တေးသီစမ်းမယ်လို့၊
နှုတ်ခမ်းမှာ ငှက်ပြာနု၊
သူ့တွက်ပါပဲ။

“မျက်ရည်” ဆိုတဲ့ ပုလဲသွယ်၊
မျက်ဝန်းဝယ်သိမ်းကာစု၊
ဘယ်သူ့တွက်လဲ၊
သူကစိမ်းလေတော့၊
မငြိမ်းနိုင် အပူဆို့မယ့်၊
ကိုယ့်အတွက်ပါပဲ။

မောင်စိန်ဝင်း (ပုတီးကုန်း)

Comment #1

“မျက်ရည်” ဆိုတဲ့ ပုလဲသွယ်၊
မျက်ဝန်းဝယ်သိမ်းကာစု၊
ဘယ်သူ့တွက်လဲ၊
သူကစိမ်းလေတော့၊
မငြိမ်းနိုင် အပူဆို့မယ့်၊
ကိုယ့်အတွက်ပါပဲ။

commentinfo By: အသဲကွဲ မိုး at Oct 2, 2012
Comment #2

“မေတ္တာ” ဆိုတဲ့ ပန်းနုလွှာ၊
သိမ်းဆည်းကာ ရင်မှာစု၊
ဘယ်သူ့တွက်လဲ၊
မဆင်ရဲသူမို့၊
ရင်ထဲမှာ ပန်းတွေစု၊
သူ့တွက်ပါပဲ။

“စကား” ဆိုတဲ့ ငှက်ညိုပြာ၊
နားနေကာ နှုတ်မှာစု၊
ဘယ်သူ့တွက်လဲ၊
တေးသီစမ်းမယ်လို့၊
နှုတ်ခမ်းမှာ ငှက်ပြာနု၊
သူ့တွက်ပါပဲ။

“မျက်ရည်” ဆိုတဲ့ ပုလဲသွယ်၊
မျက်ဝန်းဝယ်သိမ်းကာစု၊
ဘယ်သူ့တွက်လဲ၊
သူကစိမ်းလေတော့၊
မငြိမ်းနိုင် အပူဆို့မယ့်၊
ကိုယ့်အတွက်ပါပဲ။

commentinfo By: May Kha at Nov 8, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment