Professional Authors

မစဉ်းစားချင်တဲ့အိပ်မက် (ဆူးနစ်ရင်)

မစဉ်းစားချင်ဘူး
ကဗျာတစ်ပုဒ်ကို ဖန်ဆင်းဖို့
ဘယ်လို အတွေးမျိုးတွေ လိုမလဲ
မစဉ်းစားချင်ဘူး
ငါ က ဘုရားသခင်တည်ထောင်တဲ့
ဘောလုံးကလပ်မှာ အရံဂိုးသမား
မစဉ်းစားချင်ဘူး
အတ္တတောင်တန်းရဲ့ ဟိုမှာဘက်ကို
ဘယ်လို အတွေးမျိုးနဲ့ ကျော်ဖြတ်ရမလဲ
မစဉ်းစားချင်ဘူး
ငါ က ဖြစ်ရိုးဖြစ်စဉ် ကဗျာတစ်ပုဒ်
ငါ့ အိပ်မက်ထဲမှာ
ကံကြမ္မာရဲ့ ကန်ချက်တွေကို
လှပ သေသပ်စွာ ဖမ်းလို့
အဲဒီလိုမျိုးနဲ့
ငါ့ အတ္တတွေ 
အတောင်ပေါက်လာခဲ့ပြီ . . . လား
မစဉ်းစားချင်ဘူး ။         ။

In: ကဗျာ Posted By: Date: Jul 10, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment