ည(၁၁)
ည ….ပန်းသီတစ်လုံးကိုက်ရသလို
ချိုမြမြ အရသာ ရှာမတွေ့ဘူး..
အဲဒီနေရာမှာ ဆေးလိပ် တစ်လိပ်ပြီး တစ်လိပ်ပဲ
ထိုင်ပြီး ဖွာနေမိတယ်…
ဘာက စပြောရမှန်းမသိ
ဘယ်လို အဆုံးသတ်ရမှန်းမသိ…
ဘာပဲဖြစ်ဖြစ်..
နေ့ရက်တွေ အချိန်တွေ
အသွင်ပြောင်းနေတဲ့
ကွင်းပြင်ကျယ်ထဲ
တွေကရာ မြင်ကရာ ရေပွက်တိုင်း
လွဲလွဲပြီး ကန်ချင်မိတော့တယ်..
ဟိုဘက်ကမ်းလဲ မမြင်… ဒီဘက်ကမ်းလဲ မမြင်
ဆေးလိပ်က ထွက်တဲ့ အခိုးအငွေ့တွေ ကြည့်နေရသလိုပဲ
အရာရာ မှုန်ဝါးလို့ …
လောင်ကျွမ်းခြင်းရဲ့ စွန့်ပစ် ပစ္စည် အဖြစ်နဲ့
မီးခိုးသာသာပါ..
ချောက်..ချောက်…ဂျက်…ဂျက် နဲ့ အတူ
တောက် တစ်ချက်ပဲ ခေါက်လိုက်ချင်ရဲ့
လက်တံတွေ ငါကို ခိုစီးမထားပါနဲ့…
Comment #2
ho bat kan le ma myin d bat kan le ma myin so dot hna phat khwa htar loh lar?
he,,he,,
just teasing naw.
1.take decision.
2.try 2 get.
3.u’ll reach ur goal.
                        By: ei lay at Nov 2, 2011
                    Leave Comments
								 Email me whenever there is new comment
								
																
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
                                           	
                                    		
                                        



 
Comment #1
ဟိုဘက်ကမ်းလဲ မမြင်… ဒီဘက်ကမ်းလဲ မမြင်
ဆေးလိပ်က ထွက်တဲ့ အခိုးအငွေ့တွေ ကြည့်နေရသလိုပဲ
အရာရာ မှုန်ဝါးလို့ …
လောင်ကျွမ်းခြင်းရဲ့ စွန့်ပစ် ပစ္စည် အဖြစ်နဲ့
မီးခိုးသာသာပါ..