Professional Authors

အမေ့ခံ သူရဲကောင်း-၁

ကျော်ကြားခဲ့ဘူးသောဓားကို
နံရံမှာချိတ်ထားခဲ့ပြီ။

သားမြေးတို.ကိုပြောပြ ချော့သိပ်ဖို.ရာ
အိပ်ရာဝင်ပုံပြင် တပုဒ်တလေမှတောင်မကျန်ဘူး။

တစ်နေ.နေ.
သစ္စာတရားမှာ
စံပါယ်ဖြူများဖူးပွင့်လာချိန်
ရေလွှာပေါ်ရေးခဲ့သောငါ့မှတ်တမ်းကို
တိမ်တွေကပြောပြကြတဲ့အခါ
ချစ်သူအတွက်
ရိုးသားရဲရင့်စွာအရှူံးပေးခဲ့သူတစ်ယောက်ကို
မင်းသတိရပါလိမ့်မယ်အချစ်ရယ်။    ။

In: ကဗျာ Posted By: Date: Jul 4, 2010
Comment #1

(: ကျေးဇူးပါ.. တကယ်…
ကိုမော်နီ
ရေလွှာပေါ်ရေးခဲ့သောငါ့မှတ်တမ်းကို
တိမ်တွေကပြောပြကြတဲ့အခါ
အဲဒီစာသားလေး သဘောကျတယ်…
အဲဒီစာသားလေး ကို ဟိုတစ်ပုဒ်မှာ သုံးထားတာလည်း လှတယ်…

commentinfo By: ဖြိုးဖြိုး at Jul 4, 2010
Comment #2

ဘယ်မှာသုံးထားမိလဲ
ပြောပြပါ
မေ့နေပြီ။ဟီးးးးးးးးးးးးးး
း)

commentinfo By: mawni at Jul 6, 2010
Comment #3

(: ၀ှက်ထားတဲ့တိမ်(၂) မှာ…

commentinfo By: ဖြိုးဖြိုး at Jul 6, 2010
Comment #4

အီးးးးးးးးးးးးးးးးးးးးးးးး
ရှက်လိုက်တာ
လုံးဝမမှတ်မိဘူး။တကယ်တော.ပိုင်စိုးဝေပြောသလို
ကို.ကိုယ်ကို ခိုးယူခြင်းပေါ့
ဖြစ်တာကကဗျာအပိုင်းလေးတွေရေးထားမိပြီး
ကဗျာရှည်မှာအဆုံးမသတ်တတ်လို.
တွေ.တာသုံးလိုက်မိတာဖြစ်ဖို.များပါတယ်
ကဗျာတွေများတော့မေ့မေ့နေတယ်
လွန်ခဲ့တဲ့သုံးလေးနှစ်ကကဗျာတွေဆိုပိုဆိုး
ကဗျာဖတ်သူတွေကိုတောင်းပန်ပါတယ်
နောက်မဖြစ်အောင်ကြိုးစားပါ့မယ်

commentinfo By: mawni at Jul 7, 2010
Comment #5

ကိုမောနီ ကတော့လုပ်ပြီ…..
ဒီတိုင်း သဘောကျတာရယ် မှတ်မိသွားတာရယ်ကြောင့် ပြောမိတာပါ…
တောင်းပန်စရာမလိုပါဘူးရှင်..
trade mark တောင်ဖြစ်သေးတာပေါ့.. (;

commentinfo By: ဖြိုးဖြိုး at Jul 7, 2010
Comment #6

သစ္စာတရားတာ မှန်ပါစေရှင်….
စံပါယ်တွေလည်း ဖြူမှာပါ…

commentinfo By: မှုံရွှေရည် at Jul 14, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment