Professional Authors

မေ့လိုက်ချင်တယ်

အချစ်ရယ်…
ပုန်းရှောင်ခြင်းဆိုတဲ့
အတ္တစကားလုံးကို
ဘယ်လိုရင်ဆိုင်ရမှာလဲ…

အချစ်ရယ်…
လွမ်းမောခြင်းဆိုတဲ့
ဝေဒနာစကားလုံးကို
ဘယ်လိုရင်ဆိုင်ရမှာလဲ…

အချစ်ရယ်…
ပေးဆပ်ခြင်းဆိုတဲ့
အချစ်ရဲ့ လက္ခဏာကိုရော
ဘယ်လိုရင်ဆိုင်ရမှာလဲ..

အချစ်ရယ်…
သေချာတာတစ်ခုကတော့
ငါ့ကိုသင်ပေးပါ…
နင်ထားခဲ့သမျှ အမှတ်တရတွေ
မေ့တတ်အောင်လို့…

Second Two
4:57 pm
05.28.10

In: ကဗျာ Posted By: Date: May 29, 2010
Comment #1

လာလည်သွားပါတယ်နော်
ကဗျာလေးကောင်းတယ် ကဗျာသမားအချင်းချင်းခံစားချက်ကို နားလည်ပါတယ်
ကျွန်တော့ဆီလဲ လာလည်နိုင်ပါတယ်ဗျာ

Comment #2

ကောင်းတယ် ကြိုက်တယ်
ညီမ ကဗျာလေးတွေလည်းလာဖတ်ပြီးဝေဖန်ပေးပါဦး

commentinfo By: eieiwaiaung at Jun 16, 2010
Comment #3

တို့လည်း ကဗျာလေးထဲကအတိုင်း သူ့ကို မေ့လိုက်ချင်တယ်။ ဒီကဗျာလေးကို ခံစားချက်နဲ့တူလို့ အရမ်းကြိုက်တယ်။

commentinfo By: marlay at Sep 11, 2010
Comment #4

ဟုတ်တယ် မေ့လိုက်ချင်တယ်

commentinfo By: chittee357 at Sep 13, 2010
Comment #5

အောက်ဆုံအပိုဒ်လေးက်ုကြိုက်တယ်….တိုက်ဆိုင်လို့လေ 😛 ကဗျာကောင်းကောင်းလေးတွေဒီထက်ပိုပြီးေ၇းနိုင်ပါစေနော်…

commentinfo By: pansy at Oct 25, 2010
Comment #6

if possible,forgot all.

but,in reality,impossible.

nice poem par.

commentinfo By: ei lay at Jul 22, 2011
Comment #7

ကျတော်ကတော့အကိုအမတို့တင်တဲ့ကဗျာကို facebook မှာ ပြန်တင်ပါတယ်မသိဘဲယူပြီးတင်တဲ့အတွက်တောင်ပန်ပါတယ် ကဗျာလေးလေးတွေကိုကြိုက်လို့တင် copy လုပ်ပြီးတင်ပါတယ် facebook မှာတင်ပါတယ်ကြိုက်လို့ပါ အားပေနေပါတယ်ဗျာ ကဗျာရေးတဲ့သူတွေကို

commentinfo By: yelintun at Nov 18, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment