Professional Authors

အမေ့ခံ သူရဲကောင်း-၃

ထိခိုက်ကြေကွဲမှုတွေနဲ.ပြည့်နေတဲ့နှလုံးသားကို
အသေပိတ်ထားလိုက်ပြီ။

လူနေအိမ်မဟုတ်လို.
သန်းခေါင်စာရင်းလည်း မကောက်လာပါနဲ.
ပြတိုက်မဟုတ်လို.
လေ့လာရေးလည်း မလာကြပါနဲ.
ပန်းခြံမဟုတ်လို.
ပျော်ပွဲစားလည်း မထွက်လာကြပါနဲ.။

ပိရမစ်တစ်ခုပါ
ခိုင်ခံ့တယ်၊ လျို.၀ှက်တယ်၊ဣနြေ္ဒရတယ်
ဒါပေမယ့် တကယ်တော့
ဂူသင်္ချိုင်းတစ်ခုပါပဲ။

ပိရမစ်အောက်ခြေ အနက်ရှိုင်းဆုံးနေရာမှာ
မျက်နှာဖုံးစွပ်သူရဲကောင်းတစ်ယောက်
သုံးမြဲဓားကို ဘေးမှာချ
ငြိမ်သက်စွာ လဲလျောင်းနေတယ်
နှလုံးသားတည့်တည့်မှာ ဒဏ်ရာတစ်ခုနဲ.။ ။

In: ကဗျာ Posted By: Date: Jul 31, 2010
Comment #1

It’s the Mummy????
ဟိဟိ….

ကဗျာလေး အရမ်းကောင်းတယ်ရှင်…

commentinfo By: မှုံရွှေရည် at Jul 31, 2010
Comment #2

ကိုမော်နီ..အဲဒီမျက်နှာဖုံးစွပ်သူရဲခေါင်းဆိုတာ ကျနော်လားမသိဘူးနော်…. ဟီးးးး
ချစ်သူများကိုနှတ်ဆက်ခြင်း … ကိုအရမ်းကြိုက်တယ်… တကယ်ကောင်းတယ်….

commentinfo By: နှိုင်းခ at Jul 31, 2010
Comment #3

လူနေအိမ်မဟုတ်လို.
သန်းခေါင်စာရင်းလည်း လာမကောက်ပါဘူး

ကဗျာမို့လို့
ကဗျာတော့လာဖတ်သွားပါကြောင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
(:

commentinfo By: ဖြိုးဖြိုး at Jul 31, 2010
Comment #4

ကဗျာလေးကိုကြိုက်ပါတယ် ….နောက်လည်းဒီထက်ကောင်းတဲ့ကဗျာတွေရေးနိုင်ပါစေလို့..ဆုတောင်းပေးပါတယ်……

commentinfo By: Phyu Lay at Jul 31, 2010
Comment #5

“ကိုမော်နီ..အဲဒီမျက်နှာဖုံးစွပ်သူရဲခေါင်းဆိုတာ ကျနော်လားမသိဘူးနော်…. ဟီးးးး”
အင်း….မမ်မီဖြစ်ချင်လို.ထင်တယ်

commentinfo By: mawni at Jul 31, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment