အချစ်တက်ဆုံးလူ
ချစ်သူအတွက်ပေါ့
နက္ခတ်တွေကို အရည်ကျိုထုရိုက်
သူ့စိတ်ကြိုက် မျှားခေါင်းတွေ
ပုံလောင်းပေးနေခဲ့တာ။
ချစ်သူအတွက်ပေါ့
တစ်တောလုံးခုတ်ထစ် မျှားတံဖြစ်ဖို့
အချောသပ်ပေးခဲ့တာ။
ချစ်သူအတွက်ပေါ့
မြင်သမျှသိန်းငှက် လိုက်သတ်အမွှေးနုပ်
မျှားမြီးလုပ်ခဲ့တာ။
ချစ်သူအတွက်ပေါ့
သက်တန့်ကို ထပ်ကွေးခိုင်းပြီး
လေးကိုင်းတင်ပေးခဲ့တာ။
ချစ်သူအတွက်ပေါ့
ကိုယ့်ရင်ဘတ်ကိုယ် စက်ဝိုင်း..၀ိုင်းပြီး
သူ့စိတ်တိုင်းကျ ပစ်မှတ်လုပ်ခဲ့ရတာ။
ကိုင်း…ကျေနပ်ပလားဆိုတော့
ကြယ်တွေထပ်သလို လင်းပြက်ပြက်
မျက်လုံးတစ်ဖက်နဲ့
ပြုံးပြုံးသဲ့သဲ့ ချိန်ရွယ်နေလေရဲ့။
ညှို့ကြိုးနဲ့လက် ဖျတ်ခနဲအလွှတ်မှာတော့
ငါ့ရင်အုံဘယ်ဖက်ခြမ်း
သွေးတွေလွှမ်းခဲ့ပေါ့။
ကျေကျေနပ်နပ် သူရယ်နေတုန်း
နှလုံးသားရဲ့ နောက်ဆုံးအသက်နဲ့
ငါ…ပြုံးပြနူတ်ဆက်ခဲ့
ချစ်သူအတွက်ပေါ့။။။။
Comment #2
အချစ်တက်ဆုံး…ငတုံးပေါ့ကွာ
ငါ့ကောင်က ရေးတက်သားပဲ။။။
By: mr.black at Nov 14, 2012
Comment #3
So so sweet.
🙂
Mr.black ,,
nga tone tway ka koh chit Thu ko be lo chit ya ma le ma ti kya par bu.
Nga tone ma hote loh d lout tin sarr phwe Nwe htar tar pop shin.
G kye myit myat de a tway a khaw tway ko phyu sin yoe tar de hna lone tar ko yin p sar phwe htar Dar par.
By: ei lay at Nov 14, 2012
Comment #4
ဟုတ်ပါတယ်…အိလေးရယ်
သူငယ်ချင်းတွေဆိုတော့ နောက်ပြောင်မိတာပေါ့။
By: mr.black at Nov 14, 2012
Comment #6
He..he..
nout 3 khout htet pi khan sarr twar par de shin.
By: ei lay at Dec 27, 2012




Comment #1
ချစ်သူအတွက်ပေါ့
ကိုယ့်ရင်ဘတ်ကိုယ် စက်ဝိုင်း..၀ိုင်းပြီး
သူ့စိတ်တိုင်းကျ ပစ်မှတ်လုပ်ခဲ့ရတာ။
အရမ်းကောင်းတဲ့ စကားလုံးရွေးချယ်မှုတွေပဲနော် .. အရမ်းကြိုက်လို့ ကော်ပီထားတယ် ..