Professional Authors

အမေ့ခံ သူရဲကောင်း-၂

ဓားကတော့ ထက်မြနေဆဲပဲ
ဒီလက်တွေက အားအင်မဲ့ခဲ့ပြီ။

ဂုဏ်ပြုပွဲတော်တွေနဲ. ဝေးရာမှာ
ငါတစ်ဦးထဲ စဉ်းစားနေခဲ့မိတယ်
သွေးနဲ.ရှင်းတဲ့ တိုက်ပွဲဟာ
သွေးနဲ.ရင်းရတာပါ
သွေးတဲ.ရေးတဲ့ သိက္ခာဟာ
သွေးနဲ.ပဲဆေးရတာပါ
ဘာအတွက် ငါ တိုက်ခိုက်ခဲ့တာလဲ။

အောင်မြင်မှုနောက် လိုက်နေကြတဲ့
အသစ်သော အသစ်သော သူရဲငယ်တွေ
သိက္ခာကို ဓားနဲ. ရှာဖွေနေကြတဲ့
နုပျိုသော ထက်မြက်သော လူငယ်တွေ
တကယ်ရော ရမှာလား
ရရင်ရော မြဲမှာလား
ဆို.နင့်စွာ ပြုံးမိတယ်။

ဘ၀ရဲ. အမွန်အမြတ်ဟာ
ဘယ်လို အောင်နိုင်ခြင်းမျိုးပါလဲ
ဒူးအစုံကိုညွတ်ချ
ချိနဲ.သော လက်အစုံကို
ပဒုမာကြာလို ပူးကပ်လိုက်ချိန်
ငါ့ရင်ထဲမှာသူရဲကောင်းတစ်ပါး
နုပျိုစွာ ဖွားမြင်လာခဲ့တယ်။         ။

In: ကဗျာ Posted By: Date: Jul 3, 2010
Comment #1

အမေ့ခံ သူရဲကောင်း-၁ ရှိခဲ့ရင် ဖတ်ချင်ပါတယ်…..

commentinfo By: ဖြိုးဖြိုး at Jul 4, 2010
Comment #2

တင်ပေးပါ့မယ်
jpgဖိုင်နဲ.ဆိုတော့ပြန်ရိုက်ရမှာပျင်းနေလို.ပါ

commentinfo By: mawni at Jul 4, 2010
Comment #3

အော်ဒီလိုကိုး
အပျင်းပြေလေး မြန်မြန်လေး ရိုက်လိုက်ပါ.. 😛
ဟိဟိ နောက်တာပါ.. စောင့်ဖတ်နေပါ့မယ်

commentinfo By: ဖြိုးဖြိုး at Jul 4, 2010
Comment #4

တင်လိုက်ပါပီဗျာ

commentinfo By: mawni at Jul 4, 2010
Comment #5

ဖတ်ပြီးပါပြီရှင်
ကျေးဇူးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး (:

commentinfo By: ဖြိုးဖြိုး at Jul 4, 2010
Comment #6

အမွန်မြတ်ဆုံးသော အောင်နိုင်ချင်းပါပဲလေ….

commentinfo By: မှုံရွှေရည် at Jul 14, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment