Professional Authors

ဥတုရာသီ ရင် ကို မှီ၏

ဒီတစ်နှစ်နွေ ရာသီမှာပေါ့
နေမပူ ဘူး ရင်တွေပူတယ်
မြူတွေဆိုင်း ပြီး အလွမ်းတွေပဲ ရစ်ဝိုင်းနေတယ်လေ
အော်
 မိုးဦးပေါက် မုတ်သုံ လေ လာရင် နင် ပါလာလောက်ရဲ့..
 မိုးရာသီလဲ ရောက်လာပါတယ်
နင် တော့ရောက်မလာဘူးလေ
မိုးတွေမရွာ ဘူး အလွမ်းတွေရွာတယ်
အံ့သြ စရာပါ..
အော်
ဆောင်းရာသီမြောက်လေ တိုက်ရင်
နင်များကတိုက်ကရိုက် ပြန်လာမလားပဲ
ဆောင်းရောက်လာပါတယ်
နင်တော့ရောက်မလာဘူး
နှင်းတွေမဝေဘူး
အလွမ်းတွေပဲကြွေတယ်..
နောက်နှစ် နွေရာသီ
နွေဦး လေရူးတွေ လာရင်
ငါမရူးခင် နင် လေ
ပြန်လာရင်ကောင်းမယ်..
နင်ပြန်လာရင်ကောင်းမယ်

In: ကဗျာ Posted By: Date: Jun 28, 2010
Comment #1

ကဲ..မရူးစေရဘူးနော်..သိလား..တာဝန်ယူတယ်..
ကောင်းတယ်ဗျာ..အားပေးသွားပါတယ်

commentinfo By: E-than at Oct 3, 2011
Comment #2

လုပ်​ပါဦး password ​မေ့​နေတာ ပြန်​ဝင်​လို့မရ​တော့ဘူး Admin

commentinfo By: toat gyi at Jun 28, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment