Professional Authors

ငါဟာပိုးဖလံလေးပါ!!!

ငါဟာအထီးကျန်အရှုံးသမား အချစ်အတွက်နဲ့အောက်ဆုံးအထိ ကျွံဝင်သွားတဲ့စိတ် ဘဝရဲ့အနာဂတ်ကို မကြည့်မိသေးတဲ့သူ ဒါတွေအားလုံးဟာ မင်းကြောင့်သင်း…အစကတည်းက မဖြစ်နိုင်ပါဘူးဆိုတာကို သိလျက်နဲ့ ဇွတ်တိုးမိုက်ခဲ့တဲ့ငါ အခုတော့ အပြင်းထန်ဆုံးခံစားမှုတွေကို ရင်မှာပိုက်လို့ပေါ့…ငိုကြွေးရမယ်ဆိုတာသိခဲ့ပေမယ့် လွမ်းဆွတ်လို့ကျတဲ့ မျက်ရည်တွေနဲ့ အသိမ်မွေ့ဆုံးချစ်ချင်ခဲ့တာပါ…ဆန္ဒနဲ့လက်တွေ့ကိုပေါင်းစပ်လိုက်တော့ မျှော်လင့်ချက်မဲ့ခြင်းဆိုတဲ့ ရင်နာရတဲ့ ဆုံးရှုံးမှုကြီးကို မခံစားနိုင်စွာနဲ့ဘဲ လက်ခံခဲ့ရတယ်…စောင့်စားရမှုကို အဆုံးမဲ့အချိန်ထိ လက်ခံခဲ့တဲ့ လူတစ်ယောက်ကို နလံမထုနိုင်အောင် အဆုံးစီရင်ခဲ့သူဟာ ငါသိပ်ချစ်တဲ့ မင်းပါကွာ…

In: ကဗျာ Posted By: Date: Jul 27, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment