Professional Authors

လူငယ် စိတ္တဇ ( ခိုင်မြဲကျော်စွာ)

အိမ်တံခါးဝက ခေါင်းလောင်းလေးတွေအတိုင်း
လှုပ်လိုက်တိုင်း
အသံမြည်ကြ

ရေကို ရေလိုရုပ်ရှင်ရိုက်ချင်
မီးကို မီးလိုသီချင်းဆိုချင်
အသစ်ကို အသက်ရှင်ရသလို အားကျတယ်

အနှိမ်ခံနိုင်တဲ့ သက်မဲ့ရယ်
ဓာတ်တိုင်လို
လမ်းမမှာရပ်လို့
ဇိမ်ခံတတ်တဲ့ သက်ရှိရယ်
ခေါင်းတိုင်လို
ဆေးလိပ်မီးခိုး အဆက်မပြတ်မှုတ်ထုတ်လို့
ခင်ဗျားဖို့
ကျွန်တော့်ဖို့
အမှန်တရားက စိုစွတ်တယ်
ဒါပေမဲ့ မအေးဘူး

အရိုက်ခွဲခံဖို့ ဦးခေါင်းပေါ့
မျှော်သံလေးမှာ နူးညံ့ဖို့မျက်ရည်အိတ်ပေါ့
ဒီလို  စိတ္တဇနဲ့

လူငယ်
သတ္တိကောင်းတယ်
ပိုက်ဆံမရှိဘူး။   

                ခိုင်မြဲကျော်စွာ

Comment #1

so nice!

commentinfo By: အဝေးမှာ at Jul 27, 2010
Comment #2

လူငယ်
သတ္တိကောင်းတယ်
ပိုက်ဆံမရှိဘူး။

commentinfo By: Ema Yar at Jul 27, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment