Professional Authors

ကိုယ်လက်သန့်စင်ထားတဲ့နေ့ (မောင်ချောနွယ်)

ဒီမှာ
စာမဟုတ်တဲ့ စာတစ်စောင်
အော်သံတစ်ခု
ပင်လယ်နက်နက်ထဲက
လူတွေမမြင်သာတဲ့ ပင်လယ်နက်နက်ထဲကလာတာ
ဒါဟာ
သတင်းပို့ချက်တစ်ခု
သို့မဟုတ်
ရတနာကျွန်းရှိရာ ပြညွှန်မြေပုံတစ်ခု
အိပ်မက်တစ်ထောင်ညတွေပါတယ်
အမြဲစိမ်းသစ်တောတစ်ခုပါတယ်
ဆယ်ဘဝစာ အမောမီးခိုးပါတယ်
ရွှေသားမီးလျှံတစ်ခုလည်းပါတယ်
ရေကန်လေးတစ်ကန်သာ တောင့်တတဲ့
ငန်းဖြူတစ်ကောင်ရဲ့
ဆန္ဒအပူတွေပါတယ်
တစ်ဝက်မှိုတက်ခံရတဲ့
နုပျိုမှုတွေပါတယ်
လက်ခံပါ
ဘာတစ်ခုမှ မပြန်ကြားရင်နေပါ
ဘာတစ်ခုမှ ဆောင်ကြဉ်းမပေးရင်နေပါ။

ခဏလောက်တော့
နားဆင်ကြည့်လိုက်စမ်းပါ
သင့်ရဲ့ လူအဖြစ်ကို
အံ့ဩထိတ်လန့်ဖွယ်ရာ
သင် .. တွေ့ရှိရမှာဖြစ်တယ်။ ။

မောင်ချောနွယ်

(ယောဟန်အောင်ရဲ့ ဘလော့ဂ်က ကွန့်မန့်ထဲမှာ ငြိမ်း ဆိုတဲ့ ကဗျာဆရာက တင်ထားပေးတာပါ)

Leave Comments

Name*

Email*
Website
Email me whenever there is new comment