Professional Authors

အလွမ်း

နေ၀င်တော့မယ်ကွယ်
နေ၀င်တော့မယ်ကွယ်
နေ၀င်တော့မယ်ကွယ်
အပြာရောင်ကြယ်တစ်စင်း သီချင်းဆိုနေလေရဲ့
မလွမ်းတတ်သူတွေသာ မလွမ်းကြတာပါကွယ်
ရထားတစ်စင်း ဆိုက်ကပ်ဖူးတယ်လေ။

ဖြူပြာအလင်းနတ်သမီး တစ်ချို့
သက်တန့်တွေပေါ် ကခုန်တုန်းပေါ့
စည်းချက်တွေ ရှိခဲ့တယ်
ကာရန်တွေ ရွတ်ခဲ့တယ်
အိမ်မက်ကလန့်နိုးပါတယ်ကွယ်
ရထားဆိုက်ခဲ့ဖူးတယ်လေ။

လွမ်းတယ်ကွယ်
လွမ်းတယ်ကွယ့်
နတ်သမီးတွေကို လွမ်းတယ်
စက်သွားတွေကိုလည်းလွမ်းတယ်
တစ်ယောက်တည်းပဲလွမ်းနေရှာရဲ့
ရထားဆိုက်ခဲ့ဖူးတယ်လေ။

လူစီမ်း

In: ကဗျာ Posted By: Date: Jul 27, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment