Professional Authors

ပျောက်ဆုံးသွားတဲ့ စိတ်ဝိညာဉ်

ပတ်ဝန်းကျင်က
လူတွေကိုအရောင်ဆိုးတယ်
ငါ့စိတ်ကို အမဲလာစင်လို့
အဖြူရောင်ကောင်မလေး
ပျောက်သွားတယ်
ပြန်လိုက်ရှာတာ
မတွေ့တော့ပါလား…

အပြုံးမျက်နှာဖုံးတွေ
ချောကလက်ဖုံးထားတဲ့
စတော်ဘယ်ရီတွေ ..
အပေါ်ယံ ချိုမြသလောက်
အတွင်းထဲမှာ
ပုပ်နေတတ်တာတွေ
များလွန်းတော့
တစ်ခုသတိရလိုက်တယ်..
“ဟန်ဆောင်ခြင်း လောက”

ကွန်ပလိန်းတတ်နေတာ
မဟုတ်ပေမယ့်
တစ်ခါတစ်လေတော့လည်း
တိုင်တည်ပရစေ..
ရယ်လိုက်တိုင်း မျက်ရည်ကျတာ
အရယ်လွန်လို့မှ မဟုတ်ပဲ..
နှလုံးသားမျက်နှာပြင်မာပေမယ့်
လှိုက်စားခံလိုက်ရတဲ့ ခံစားချက်တွေ..

မပြောဘူးလို့နေပေမယ့်
ပေါက်ကွဲထွက်လာတယ်
ဒီရင်ဘတ် နာကြင်နေတာ
လှည့်လို့ကြည့်ပါအုံး..
မမျှတတဲ့ဘ၀မှာ
အချိန်တိုင်းပြောင်းလဲနေတော့လည်း
တစ်နည်းမဟုတ် တစ်နည်း..
အမှီလိုက်ရင်း
နောက်ကျကျန်ခဲ့ …

h3mlock
10th Oct 2009

In: ကဗျာ Posted By: Date: Oct 9, 2009
Comment #1

တယ်ဟုတ်ပါလား ဟမ်းဟမ်းလေးရဲ့
လောကအကြောင်းတွေ ရေးလို့ပါလား

commentinfo By: harry at Oct 15, 2009

Leave Comments

Name*

Email*
Website
Email me whenever there is new comment