Professional Authors

အသည်းကွဲရင်ဘတ်

လွန်ခဲ့တဲ့နေ့ရက်တွေအတွက်
အကျွန်ထပ်လို့ စိတ်မပျက်တော့ပါဘူး။

ဖြေသာတဲ့ ဝေဒနာ
ရင်မှာ ဖြစ်လာမှတော့
လေးနက်တဲ့အချစ်
ဘယ်ဖြစ်နိုင်ပါ့မလဲ။

ချစ်သူရယ်…
ငါ့အချစ်နင့်အတွက်
ဒီလောက်တောင် ပေါ့ပျက်မှတော့
ရင်ထဲက ဝေဒနာဆိုတာ
နေသာဖို့အတွက်
အဖြေရှာစရာမှ မလိုတာ
ခံစားချက်မဲ့ ဒီရင်ဘတ်ကြီးနဲ့
ငါ့အသည်းတွေ ကွဲနေပါ့မလား။

In: ကဗျာ Posted By: Date: May 31, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment