Professional Authors

ပျောက်ဆုံးသွားတဲ့အရာ

သိခြင်း မသိခြင်းတွေကြားထဲကပဲ
နင့်ရဲ့ ငါ့ရဲ့ ရင်ခုန်သံတွေကို ကြားယောင်ပြီး
ရှိခြင်း မရှိခြင်းတွေကြားထဲကပဲ
ငါက တိုးတိုးလေးလွတ်မြောက်သွားတယ်

နင်မရှိပေမဲ့ နင့်အနမ်းတွေရှိသေးတယ်
နင်မသိပေမဲ့ ငါနင့်ကိုချစ်နေသေးတယ်

လေဟာနယ်ထဲမှာလွင့်
ငါ တိုးတိုးလေး ရှက်ခဲ့တဲ့ အချိန်တွေကို သတိရမိသေးတယ်
အဲဒီ အချိန်တုန်းက နင်ကလည်း
ခိုးခိုးပြီး အနမ်းတွေပေးတတ်သေးတယ်

သူမရဲ့ပျော်စံရာတဲ့
ဘာအဆောင်အယောင်မှ မပါခဲ့
မမက်မောတတ်ပုံများ
သူမဟာ တုံးအလွန်းနေခဲ့

သေရာပါတော့မဲ့ အလွမ်းတွေနဲ့
အနာဂတ်ကို ခိုးပြီးတော့ချောင်းကြည့်ဖူးတယ်
လက်ရှိကိုမကျော်ဖြတ်နိုင်ပဲ မလာပါနဲ့တဲ့
သူမ အတိတ်တွေထဲကိုပဲ ပြန်လှည့်ပြေးခဲ့လိုက်တယ်

သူမအိပ်မောကျနေပြန်တယ်
သူ့လက်မောင်းတစ်ဖက်ကို ခေါင်းအုံးလို့
အိပ်မက်ထဲမှာ တခစ်ခစ်နဲ့ သူမရယ်နေခဲ့တယ်

သူမ မနိုးသေးဘူး
သူမအုံးထားတဲ့ ခေါင်းအုံးလေးလဲရွှဲလို့
အပြင်လောကမှာတော့ မျက်ရည်တွေ ရွှဲနစ်လို့စိုနေခဲ့တယ်

ကြက်ခြေခတ်X
18.11.13 mon
11:49am

 

In: ကဗျာ Posted By: Date: Nov 20, 2013
Comment #1

လက်ရှိကိုမကျော်ဖြတ်နိုင်ပဲ မလာပါနဲ့တဲ့
သူမ အတိတ်တွေထဲကိုပဲ ပြန်လှည့်ပြေးခဲ့လိုက်တယ်
……………………………………….
အားပေးသွားပါတယ် .. X

commentinfo By: နွေ at Nov 20, 2013
Comment #2

အရင်လိုပါပဲ…….
လက်ရာလေးတွေကောင်းဆဲပါ

commentinfo By: moehtetaung18 at Nov 20, 2013
Comment #3

သူမ မနိုးသေးဘူး
သူမအုံးထားတဲ့ ခေါင်းအုံးလေးလဲရွှဲလို့
အပြင်လောကမှာတော့ မျက်ရည်တွေ ရွှဲနစ်လို့စိုနေခဲ့တယ်

commentinfo By: Violet.Violet at Nov 22, 2013
Comment #4

သူမအုံးထားတဲ့ ခေါင်းအုံးလေးလဲရွှဲလို့

commentinfo By: nate thit at Nov 25, 2013
Comment #5

သေရာပါတော့မဲ့ အလွမ်းတွေနဲ့
အနာဂတ်ကို ခိုးပြီးတော့ချောင်းကြည့်ဖူးတယ်
လက်ရှိကိုမကျော်ဖြတ်နိုင်ပဲ မလာပါနဲ့တဲ့
သူမ အတိတ်တွေထဲကိုပဲ ပြန်လှည့်ပြေးခဲ့လိုက်တယ်..

အားပေးသွားပါတယ် ။
အရေးအသားကော Idea ကောလန်းတယ်။

commentinfo By: Titan at Apr 2, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment