Professional Authors

ပြည်ဖုံးကားချတဲ့နေ့

မနိုင်တဲ့ ဇာတ်ကို 

အဆုံးထိကဖို့

မဖြစ်နိုင်တဲ့နောက်

ရင်ခုန်သံတွေကို

ခေါစာပစ်လိုက်တယ် …

ဆွဲထားတဲ့ကြိုးတွေ

ပြတ်တဲ့တစ်နေ့ 

အဲဒီနေ့မှာ …

ငါ နင့်ကိုမေ့မယ် …

အနားရှိနေပေမယ့်

အဝေးရောက်နေတဲ့ နင့်ကို

အဝေးကနေပဲ 

ချစ်နေတာ အကောင်းဆုံး

ဖြစ်မယ် ထင်ပါရဲ့  …

ငါပျိုးတဲ့ အလွမ်းတစ်ခင်း

ပန်းတွေပွင့်တဲ့ အခါ 

ချစ်ဖူးခဲ့ပါလား … လို့

တွေးမိခဲ့ရင် … 

ထုံပေပေဖြစ်နေတဲ့ နှလုံးသားက

တစ်ချက်တော့ ဆတ်ဆတ်လေးခုန်ပေးမလားပဲ …

နင်ဂုဏ်ယူလိုက်ပါ …

ငါ့နှလုံးသားရဲ့ နောက်ဆုံးမင်းဆက်ဟာနင် … 

ဒါပေမယ့်လေ …

အဲဒီနှလုံးသားသေဆုံးခဲ့တာ

နင့်လက်ပေါ်မှာတင် …

.

(အသဲကျော်)

In: ကဗျာ Posted By: Date: Jun 9, 2016

Leave Comments

Name*

Email*
Website
Email me whenever there is new comment