Professional Authors

မေ………သို့ (၇)

ဘဲအုပ်ကတရာနှစ်ရာတဲ့ 
မေ……………………
မင်းသိကောင်းသိမှာပါ
မဗေဒါကဗျာလေး……….
ခုမောင်ဗေဒါလို့ ပြောရတော့ မယ်
ငါ့ ဘ၀ကရိုးပြက်တွေနဲ့ 
မှော်ဝင်သောအပြုံးတွေအောက်မှာ
မစွတ်မပွတ်ခံနိုင်ရည်လောက်နဲ့ 
ခုတော့ အယပ်အကန်ခံနေရတုန်းလေ
တစ်ခါတစ်လေတောင်
အံဝင်ခွင်ကျမရှိတက်ဘူး..မေရယ်
မင်းလမ်းခွဲထွက်သွားတာကပဲခပ်ကောင်းကောင်းပါ
မြို့ ပြမှာငါလေ
မင်းမမြင်ချင်တဲ့ ပုံစံနဲ့ 
အသက်မွေးဝမ်းကျောင်း
ပန်းပန်လျှက်ပါလို့ ပြောရင်း
ငါ့ ကိုယ်ငါနှစ်သိမ့် နေတယ်
ဒါပါပဲ………….မေ
လောက……
လောရင်းကနေရသူတွေအထဲ
ငါ့ လဲငါ့ သံစဥင်္တွေနဲ့ ပဲ
ခုတော့ ………………….
ကြီုးတိုးကြဲတဲဆက်ဆံရေးတွေကြားထဲ
အသက်ဝအောင်မရူဖြစ်တာတောင်တော်တော်ကြာနေပြီမေ
ငါမငိုပါဘူး…
မငိုဘူးမေ……………………
ဒီမျက်ရည်တွေအတွက်ကြောင့် တော့ 
ငါ့ ကိုငိုသူလို့ မထင်ပါနဲ့ နော်
ဒါကမင်းမရှိတော့ တဲ့ နောက်ပျိုင်းမှာ
ငါပိုင်ဆိုင်တက်တဲ့ 
လက်ကျန်ကြေကွဲမှု့ 
ရှင်းတမ်းတွေပါ
မင်းဆီမှာငါမရှိတော့ ပေမဲ့ 
ဓါတ်သဘောအရ
ဒြပ်နှောတွေပိုင်ဆိုင်နေတယ်မလား………….မေ

In: ကဗျာ Posted By: Date: Jun 29, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment