Professional Authors

မြတ်လေးငုံ – ဒီရေလှိုင်း

ကရကဋ်ရာသီ
ဝါဆိုဦးမှာလ
ပွင့်ဖူးလွှာ ဖြူဖြူဆင်း
ကြူကြူသင်းတဲ့
မွှေးရနံ့စုံ
လှဂုဏ်ဖြာတဲ့ မြတ်လေးငုံ ။

တစ်ပင်ထဲနေ
တူတူဖြစ်ပေမဲ့
သူမှာလေ
ဖြူရွရွ ဆင်းအလှ အစုံစုံ
သင်းမြအဖုံဖုံနဲ့
ကိုယ့်မှာလေ မြေမှာခ
ရွက်ဝါကြွေဘ၀ရယ်မို့
တူတူလေလ ယှဉ်ကာလှမ်းချင်လည်း
ကမ်းခွင့်ရယ်ဘယ်မကြုံ ။

ငယ်ကရင်းပေမဲ့
တကယ်ဘ၀ချင်း မတူလေတော့
ဖြူစင်တာတွေ အကျည်းမတန်ရအောင်
ပူပင်စွာလေ အထီးကျန်ရပါစေ
လှသွေးစုံ မြတ်လေးငုံ
ပင်ယံက ပွင့်လွှာလေးကို
ကြွေရှာတဲ့ ရွက်ဝါလေးက
ခပ်ငေးငေးလေးကြည့်
ပီတိနဲ့မြင်
သူပျော်ရွှင်ပါစေကြောင်း
ဆုတောင်းနေမယ် ။

In: ကဗျာ,Others Posted By: Date: Aug 1, 2012
Comment #1

😛
😛
😛
so touching,,,

commentinfo By: ei lay at Aug 1, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment