Professional Authors

ရေးခြစ်ခြင်း(မင်းလူန)

ကိုယ့် အမှောင်နဲ့ ကိုယ်မို့ 
ဘယ်သူကိုမှလင်းမပြနိုင်သေးပါဘူး
ဒီဆန္ဒနဲ့ ပဲ
တစ်သက်စာလုံးရမဲ့ အမိုက်တရား
ဘယ်လိုသွန်ချရမလဲပေါ့ 
လူတို့ 
အမှားတရားတွင်သစ္စာတည်သောအခါ
ယောင်ယောင်မှားမှား
ရှိုက်သွင်းခဲ့ တဲ့ လေထုညစ်ညမ်းမှု့ တွေများလာတယ်
ကမ္ဘာမပြိုခင်
အတွေးအခေါ်တွေပြိုကျသွားတဲ့ မြို့ ပြလို
တစ်ခါမှ
သက်ပုံမှန်ခွင့် မရတဲ့ လူ့ အခွင့် အရေး
စာမျက်နှာဟာ
ကျည်ဆံဆိုရင်
ကဗျာဆရာဟာပစ်ခတ်သူပေါ့ 
ဒါပေမဲ့ ယုတ်မှာရိုင်းဆိုင်းမှု့ ကင်းတယ်
ခံနိုင်ရည်မွေးပြီး
ဒီကဗျာရေးတယ်
ပြီးတော့ မဂ္ဂဇင်းထဲမှာစောင့် ဖတ်ပြီး
ခံနိုင်ရည်တွေထပ်မွေးတယ်
××××××××××
ကိုယ့် အမှောင်နဲ့ ကိုယ်မို့ 
ဘယ်သူကိုမှလင်းမပြနိုင်သေးပါဘူး
ဒီကဗျာနဲ့
လင်း
ပြ××××××            မင်းလူန

In: ကဗျာ Posted By: Date: Dec 19, 2011
Comment #1

အတွေးအခေါ်တွေပြိုကျသွားတဲ့ မြို့ ပြလို
တစ်ခါမှ
သက်ပုံမှန်ခွင့် မရတဲ့ လူ့ အခွင့် အရေး
စာမျက်နှာဟာ
ကျည်ဆံဆိုရင်
ကဗျာဆရာဟာပစ်ခတ်သူပေါ့ 

commentinfo By: နတ်သမီး at Dec 20, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment