Professional Authors
ဧည့်​သည်​​ဟောင်း
တိတ်​ဆိတ်​မှု​ခြေသံ​အောက်
အလွမ်း​တွေတံခါး​ခေါက်​​နေပြီ
အိမ်​မက်​​တွေစီစီရီရီခင်းထားပါရဲ့
ဝင်​ခဲ့​လေ ခင်​ဗျားတို့အလိုကျ ပါ ။
ပြာကျ​နေတဲ့ ​မျှော်​​လင့်​ချက်​​တွေ​တော့
အငြိုး​တေးမဲ့စွာအိပ်​စက်​​နေ​လေရဲ့
ဘာများတံဆိပ်​ကပ်​လိုပါ​သေးလဲ
နှလုံးသား Expire ရက်​စွဲလား
မှတ်​သားထားပါ့နံရံထက်​မှာ
သုညဘဝနဲ့​နေတတ်​​နေပြီဗျ
အချစ်​ရူးပြဇာတ်အခန်းသစ်​တက်​​တော့မလား
ခဏ​လေးဗျ
နှလုံးသားနားကတံခါး​ခေါက်​သံကြားတယ်
အလွမ်းပဲမလား ?
ဝင်​ခဲ့​လေ  … ..
In: ကဗျာ Posted By: Date: Jan 13, 2016
Leave Comments
Name*
Email*
Website
Email me whenever there is new comment