Professional Authors
ရက်စွဲများ ..အချိန်များ… ဘ၀များ…. ထို့ နောက်(လုလင်ငယ်သွေး)
အိမ်မက် အသေများ ပေါ်ပင် ရည်ရွှယ်ချက်များ ( ရည်မှန်းချက်) များနဲ့
စိတ်ကစားတုန်း တံခါးခေါက်သံ က နှလုံးသားကို  လာမှန်တယ်
တံခါး ဖွင့်သင့်  မသင့်  ဆင်ခြင်တုံ တရားနဲ့ တွေးနေမိသေးတယ်
လူမှု ရေး  လူပတ်ဝန်းကျင်တဲ့  …. အသံ တစ်ချက်ကြားလိုက်သလို ဖြစ်တာနဲ့ 
ကောက်ကာ ငင်ကာ ဖုန်တစ်ချက် ခါ ဆံပင် တစ်ချက် သပ်ပြီး တံခါးဖွင့်ဖို့ လက်လှမ်းလိုက်မိတယ်
မိသားစု .. မိတ်ဆွေ .. ဆွေမျိုး .သူငယ်ချင်း …အစ ပြုပြီး တစ်ကမ္ဘာလုံး ၀င်လာလိုက်ပုံများ
ပန်းချီကား မဆန် rometic မဆန် ရုတ်တရက် ကြီး ကျက်သေ သေသွား တယ်
ဂရုဏာ ဒေါသ အမည်နဲ့  ဟောပြောပွဲများ/ ပတ်ဝန်းကျင် မြင့်တက်လာမှု များ
အသိုင်းအ၀ိုင်း အတွင်း ဖြစ်ပေါ်လာသော ဂုဏ် သိက္ခာ  ပြုန်တီးလာ မှု များ
ထို့ နောက် မလိုချင်သော် ငြားလည်း ..စိတ်လို လက်ရ ဦးနှောက်များ ငှားရမ်းကြ
သစ်ရွှက်အကြွေများ ..ခြေရာများ… စကားလုံးများ ..မျက်ရည်စ များ…နဲ့
ဘ၀  ကို ကောက်ကြောင်းဆွဲဖို့  ရာ လက်တွေတုန်ရီလို့ …
ရေပေါ် အရုပ်ရေး နေထိုင်မှုများ..အသက်ရှင်သန်မှုများ…..
စပ်စပ်စုစုနဲ့  နေရာတကာ ပါတတ်တဲ့ အတိတ်များေ၀၀ါးလို့  အားပေးမှုများ လျော့ ကျလာ
ဖုန်တက်နေတဲ့ ပြတင်းပေါက် အခန်းဆီး စ ကို ဖြေညှင်း  ဆွဲဖယ်လို့ 
ကမ္ဘာကြီးကို စိတ်လို လက်ရ ငေးကြည့် မိတဲ့ အခိုက်အတန့် 
မြင်လိုက်ရသည်ဟု ထင်ရသော ဆိုင်းဘုတ် တစ်ခု
မိတ်ဆွေ …..
ဖြေးဖြေး မှန်မှန် မောင်း ပါ…..။                ။ (လုလင်ငယ်သွေး)
In: ကဗျာ Posted By: Date: Mar 9, 2012
Comment #1
အားပေးသွားပါတယ်
ကိုလုလင်ရေ
(ရွှေကြယ်မိုး)
(ကြည့်ရတာ ကိုလုလင်က
ပုံစံဟောင်းတွေထဲကနေ ကဗျာကို
ခွဲထုတ်ချင်နေပုံပဲ)
commentinfo By: yaewintaung at Mar 9, 2012
Comment #2
ရှေ့ မှာ ဘ၀ ရှိသည်….
ရှေ့ မှာ ဘ၀ ရှိသည်….
ရှေ့ မှာ ဘ၀ ရှိသည်….
ရှေ့ မှာ ဘ၀ ရှိသည်……ဟူးးးးးးးးးးးးး
( အဖိုးတန်ကဗျာ )
ကိုလုလင်ရဲ့ စာတွေကို ငတ်တာဗျာ….ဖြစ်နုငိရင် အမြဲတမ်းရေးပါလားဗျ
ကျနော်နှစ်သက်စွာအားပေးသွားပါတယ်
commentinfo By: sharon myorr myor at Mar 9, 2012
Comment #3
ကျေးဇူးပါ sharon
ပုံစံဟောင်းထဲ က ခွဲထွက် တယ်လို့ တော့ မဟုတ်ပါဘူး ဗျာ
ရေးတတ်သလို ရေးတာပါ ဖတ်မိနေတာတွေကလည်း အဲလို ပုံစံတွေ များနေလို့ ထင်ပါတယ်
commentinfo By: thetnaung at Mar 9, 2012
Comment #4
တယ်လှတဲ့အရေးအသားဗျာ
ကိုလုလင်ငယ်သွေးကဗျာတွေထဲမှာ ဒီကဗျာကအပေါ်လွင်ဆုံးဘဲဗျ အတွေးအခေါ်ကလည်းဒီကဗျာမှာတော်တော်ကြီးကိုမြင့်တယ် အရင်ကဗျာတွေကမကောင်းဘူးလို့ဆိုလိုတာမဟုတ်ပါ ဒီကဗျာနဲ့အရင်ကဗျာတွေယှဉ်လိုက်ရင်ဒီကဗျာကအရေးအသားက ပိုထိမိတယ်ပိုပြတ်သားတယ်ပိုထင်ရှားတယ်
ကဗျာဖတ်ရင်း ပညာရလိုက်သည့်အတွက် ကဗျာရေးသူအား ကျေးဇူးအထူးတင်သည် ။
commentinfo By: X - ray at Mar 9, 2012
Comment #5
ကျနော် ထပ်တခါ ဖတ်သွားပါတယ်
ကို x’ray ပြောတာကို လည်းအပြည့်အ၀ထောက်ခံပါတယ် 🙂
commentinfo By: sharon myorr myor at Mar 10, 2012
Comment #6
ရှေ့ မှာ ဘ၀ ရှိသည်….
ဖြေးဖြေး မှန်မှန် မောင်း ပါ…..။
good ပ တော်….။
commentinfo By: kaythari at Mar 10, 2012
Comment #7
ရှေ့ မှာ ဘ၀ ရှိသည်…
ဖြေးဖြေး မှန်မှန် မောင်း ပါ…
commentinfo By: kantkawmg at Mar 12, 2012
Comment #8
ကဗျာလေးက ခံစားမှုအများကြီးဖြစ်စေတယ်နော
commentinfo By: Jue Chal at Mar 20, 2012
Leave Comments
Name*
Email*
Website
Email me whenever there is new comment