Professional Authors

မခွဲအတူ

ငါ့ဘ၀အတွက်
ပထမဦးဆုံးချစ်သူ ဂုဏ်ပုဒ်ကို
ပေးအပ်ခဲ့တဲ့အတွက်
ကျေးဇူးပါ … ချစ်သူ ။

နှလုံးသားချင်းသာ
နားလည်တဲ့စကားဟာ
အနှောင်အဖွဲ့တွေ မလိုအပ်ဘူး
ပိုင်ဆိုင်ရယူလိုစိတ်
အလျဉ်းမရှိတဲ့
သိမ်မွေ့လှပသော အချစ်
ရင်နက်နက်ထိ
တွယ်ရစ်စေ … ချစ်သူ

ပြုံးပြုံးလေးပဲနေပါနော်
အပြုံးပန်းလေးတွေ
ကြွေကျ …
ညိုးငယ် …
နွမ်းလျလို့ မနေပါနဲ့  … ။

တို့နှစ်ယောက်လက်ကိုတွဲ
စည်းအထပ်ထပ်ကို
သစ္စာဓါးနှင့် ခွဲဖြတ်လို့
မေတ္တာတို့နှင့် တည်တဲ့အိမ်
သက်ဆုံးတိုင်ထိ
အတူရှိနေပါစေ … ချစ်သူ ။

ဘယ်တော့မဆို အရှုံးပေး
ဘယ်တော့မဆို အရှုံးမပေး
မယုံနိုင်သေးတဲ့ သံသယအပေါ်
နှုတ်ပိတ် ချစ်ပြ
မာန ခ၀ါချ
အနှစ်နှစ် အလလ ချစ်ပါရစေ … ။

In: ကဗျာ Posted By: Date: Jul 1, 2013
Comment #1

Sure?

commentinfo By: ei lay at Nov 7, 2013
Comment #2

တကယ်ပဲလားဟင်

commentinfo By: မေပျို at Nov 7, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment