Professional Authors

မြေ၀ိုင်းကဗျာ

သတ်ချင်သတ်ပါစေ
ရွှေနားတော်သွင်းဖို့သက်သက်ဆိုရင်
ဒီစောင်းကြိုး ညှိမနေတော့ဘူး

စိတ်လိုလက်ရ ရှိတဲ့အခါ
တစ်တောလုံး တစ်တောင်လုံး
ပျော့ပြောင်းသွားအောင်
တစ်ညလုံး ထိုင်ချော့မယ်

မိုင်တိုင် ဘယ်လောက်ဝေးဝေး
ဘ၀ ဘယ်လောက်ပါးပါး
အကောင်းစားစကားလုံးတွေနဲ့
တစ်ဘက်ကမ်းခတ် လက်ပစ်ကူးနိုင်ကြတာ
ခင်ဗျားတို့ ကျွန်တော်တို့ပဲ မဟုတ်လား။

In: ကဗျာ Posted By: Date: Nov 21, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment