Professional Authors

ဒီဇင်ဘာသို့ နှုတ်ဆက်ခြင်း (၂၀၁၄)

ဒီဇင်ဘာရေ..
နှုတ်ဆက်ခဲ့ပါတယ်……

နှင်းပွင့်တွေကျဆင်း…
ငါ့ဘ၀အတွက် ..
စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ရင်းနဲ့..
မင်းကိုစွန့်ခွာ..
နှစ်သစ်တစ်ခုကို .. ငါ သွားတော့မယ်……

အမြဲတမ်းစိတ်ကူးယဉ်ခဲ့ရတဲ့….
နေရာဟောင်းကို ပြန်ရောက်…
မနင်းဖြစ်တာကြာတဲ့ မြို့ထဲလမ်းတွေကို လျှောက်လို့…
အိပ်မက်ဆန်တဲ့ အလှည့်အပြောင်းတွေနဲ့
ဒီနှစ်မှာလည်း ပျော်ရွှင်စရာတွေများခဲ့ပါတယ် ဒီဇင်ဘာ….

အဆိုးနဲ့ အကောင်းဆိုတာ…
ဒွန်တွဲနေတဲ့အရာမို့…
အကောင်းဆုံးဖြစ်မယ့်အချိန်ကို စောင့်စား…
တင်းခဲ့ရတဲ့ စိတ်ဓါတ်အင်အားတွေအတွက်
အကောင်းဆုံး ဆုလာဘ်လို့..
ငါ .. မှတ်ယူကျေနပ်နေပါ့မယ်….

ရှေ့လာမယ့် အနာဂါတ်ကို..
စိတ်ချမ်းသာစရာတွေနဲ့
အောင်မြင်တဲ့ မိသားစုဘ၀တစ်ခုအဖြစ်
ငါ.. တည်ထောင်ကျော်ဖြတ်မယ်….

စိတ်ညစ်စရာတွေ ဖယ်ရှား…
ပြဿနာတွေကို ရှောင်ရှားလို့…
နားလည်မှုတွေကို အရင်းတည်…
ငါတို့အတွက်…
အရှေ့ဆီမှာ ရောင်နီလင်းနေပြီလေ…..

ဒီဇင်ဘာရေ…
တဖြေးဖြေးနဲ့ နှစ်သစ်တစ်ခုကို နီးကပ်….
မင်းကိုငါ…
နှုတ်ဆက်ရတော့မယ်…..

နောက်တစ်ကြိမ်….
မင်းလာချိန်ကျရင်လေ…
ဒီတစ်နှစ်ထက် ပိုတဲ့..
ကောင်းသတင်းတွေနဲ့ မင်းကိုကြိုပါ့မယ်…..

မျှော်လင့်ချက် အသစ်တွေနဲ့..
အိပ်မက်တွေကို အရင်းတည်….
ပျော်ရွှင်ခြင်းတေးကိုသီလို့…
နှုတ်ဆက်လိုက်ပါတယ်…..

Goodbye December….
တိမ်တွေပြာ၊ နေတွေသာပြီး…
လေပြေကအေး၊ ပန်းတွေမွှေးမယ့်နေ့
…….
နောင်နှစ်မှာလည်း….
တွေ့ချင်ပါသေးတယ်………….။

လေးညှို့ရှင်
(၃၀.၁၂.၂၀၁၄)
10:27 AM

In: ကဗျာ Posted By: Date: Dec 30, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment