Professional Authors

၂၀၁၄ နဲ့ ရန်ဖြစ်ခြင်း

ဒီဇင်္ဘာ ဟာ
 ကောက်ကွေ့ လွန်းတယ်……..။

သစ္စာတရား ကို ဖေါ် ပြဘို့ 
သက်သေ အစုံ အလင် ရှိပါ လျက် နဲ့
ဗီလိန် ကိုမှ ရွေးပြီး 
အကယ်ဒမီ ပေးခဲ့ တော့……..
ရိုးသားမှု တွေ ချွတ်ခြုံ ကျ
အင်္ကျီ ဗလာနဲ့
၂၀၁၄ …. ကို

 ငါ ဘယ်လို နှုတ်ဆက် ရမလဲ မသိ…….။

အချစ်ရေ …….
ဒို ရေ မီ ဖာ မှာ 
ထံ တျာ တေ 
သံစဉ် ပျောက်လို့
သံယောဇဉ် ကြိုးတချောင်း
ပြတ် နေခဲ့ လား…….။
 
အချစ်ရူးတွေ အတွက်
နှစ်ကူးဘို့ မလို…….
အချစ်စစ် အတွက် 
နှစ်သစ်ဘို့ မလို ……
ဗြောင်းဆန် အချစ်တွေကသာ
အ ဟောင်း ချန်ရစ်ဘို့ 
တောင်းပန် စစ်ထိုး ကြတယ်…..
အနှောင်း သေချာ ချင်ရင် 
တို့တွေ အစကောင်းရမယ် မဟုတ်လား………..။

ဟယ်လို ၂၀၁၅ ……
မင်္ဂလာ နှုတ်ခွန်း နဲ့
သင့် ကို ကြိုဆို ပါရစေ………။
ဒီဇင်္ဘာ ဟာ 
ငါ့ နှလုံးသွေးကို 
ဝိုင်တခွက်လို နှစ်နှစ်ခြိုက် ခြိုက်
 သောက်သုံး ခဲ့တာတောင် 
ခါးသီးတယ်လို့ ကဲ့ရဲ့ နေတုန်းပါ…….။

ခုတော့ ပြောနိုင်ပြီပေါ့….
မင်းက ဟောင်းတော့မှာလေ  2014……….
တချို့ မှတ်တမ်း တွေ ထဲမှာ
မင်းရှိ ခဲ့တာ မ သေချာပါဘူး ကွာ……..။

၂၀၁၅…….ရေ…….
မှိုမတက် ဆေး စိမ်ထားတဲ့
  ဒီဇင်္ဘာ နောက်ဆုံး အပတ်ရဲ့
 ပေါင်မုန့် တလုံး စပျစ် တခွက်မပါပဲ…
ကမ္ဘာ့ အသိအမှတ်ပြု 
ISO လက်မှတ်ရ
 ရေသန့်  တခွက် 
 နှမ်းမနဲမုန့် တယှက်နဲ့
နှစ်သစ် ကန့်လန့် ကာ  ကို
ရိုမန်းတစ် ဆန်ဆန် ဖွင့်ကြည့် ချင်ပါတယ်…….။

Good morning 2015…………..
သင့်ရဲ့
မရိုးနိုင်တဲ့ကစားကွက်
 (သုံး ခြောက် ငါး) ပုံစံခွက်ထဲ က
ပဉ္စမ နေ့ 
ပထမ မြောက် နံနက်ခင်း ဟာ
ကျန်းမာခြင်း ပျော် ရွှင်ခြင်း
နှလုံး မွေ့ လျော် ခြင်း 
ချမ်းမြေ့ ကြည် လင်ခြင်း တွေနဲ့ ပြည့်စုံတဲ့ 
မင်္ဂလာ နေ့ သစ် တရက် ဖြစ်ပါစေ……….။
 
                     မိတ်ဆွေ သူငယ်ချင်း
                      ညီအကို မောင်နှမ များ အားလုံး………….
နှစ်သစ် မှာ သန့် ရှင်း သော ကိုယ် နှုတ် စိတ် ကို တည်ဆောက်ရင်း
နှစ်တနှစ်ရဲ့ နေ့ သစ်ကို မင်္ဂလာ ရှိစွာ ဖွင့် လှစ် နိုင် ကြပါစေ လို့ ဆန္ဒ ပြု လျှက်…..
                                            သျှင်ငြိမ်းချမ်း….
    (31,Dec,2014………..11:28 Pm)

(မှတ်ချက်။  ။တနင်္ဂနွေ ကစရေတွက် ရင် ကြာသပတေး နေ့ ဟာ
ပဉ္စမနေ့ ဖြစ်ပါတယ်

In: ကဗျာ Posted By: Date: Jan 1, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment