Professional Authors

ဒီဇင်ဘာသို့ နှုတ်ဆက်ခြင်း

ဒီဇင်ဘာရေ…
နှုတ်ဆက်ခဲ့ပါတယ်…..

နှင်းပွင့်တွေကျဆင်း…
ငါ့ဘ၀ရဲ့…
အရေးပါတဲ့ အချိုးအကွေ့တစ်ခုအတွက်ပြင်ဆင်ရင်းနဲ့
မင်းကိုစွန့်ခွာ…
နှစ်သစ်တစ်ခုဆီကို ငါ..သွားတော့မယ်….

တစ်နှစ်ထက် တစ်နှစ်..
ပိုပို ရင့်ကျက်လာတဲ့စိတ်နဲ့..
ပြီးခဲ့တဲ့ နှစ်အတွက်တော့..
ငါ့ကိုငါ ကျေနပ်တယ် ဒီဇင်ဘာ….

ငါနဲ့အတူ ကျောခြင်းကပ်…
အခက်အခဲတွေကို လက်တွဲကျော်ဖြတ်မယ့်…
ပါရမီဖြည့်ဘက်…
ခုဆို..ငါ့မှာရှိနေခဲ့ပြီလေ…….

အကောင်းအဆိုး..
အကြောင်းအကျိုးတွေကိုရင်ဆိုင်
တစ်ယောက်ကိုတစ်ယောက် ..
နားလည်မှုတွေတည်ဆောက်လို့…
ချစ်ခြင်းရဲ့ ပန်းတိုင်ဆီ…
ငါတို့ .. ချီတက်နေပြီ ဒီဇင်ဘာ…..

ဒီဇင်ဘာရေ……
တဖြည်းဖြည်းနဲ့.. နှစ်သစ်တစ်ခုကိုနီးကပ်..
မင်းကို..ငါ…
နှုတ်ဆက်ရတော့မယ်……

နောက်တစ်ကြိမ်..မင်းလာချိန်ကျရင်လေ…
အေးမြတဲ့ နှင်းတွေနဲ့ပွေ့ဖက်မယ့်…
ဆောင်းမနက်ခင်းတွေမှာ….
ငါတို့…
ပျော်ရွှင်စွာ တွေ့ဆုံကြမယ်နော်…….။

လေးညှို့ရှင်
(၂၆.၁၂.၂၀၁၂) (8:05 AM)

In: ကဗျာ Posted By: Date: Dec 26, 2012
Comment #1

Excellent

commentinfo By: ei lay at Dec 26, 2012
Comment #2

Great….

commentinfo By: ngapyot at Dec 26, 2012
Comment #3

ကျေးဇူး ei lay နဲ့ ngapyot 🙂

commentinfo By: laynhyotshin at Dec 26, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment