Professional Authors

မျက်ဝန်းတစ်စုံရဲ့ တနင်္ဂနွေ

မျက်ဝန်းတစ်စုံရဲ့ တနင်္ဂနွေ

သတိရခြင်းတွေ
မကွေးခင် မဆန့်ခင်
မိုက်မိုက်ကန်းကန်း
သေသွားတဲ့ စိတ်တွေ
ဒီ တနင်္ဂနွေမှာ
ခါတိုင်းလို တိမ်တွေ ၀ဲမနေဘူး
အရူးတစ်ယောက်ရဲ့ ကောက်ကြောင်းမှာမှ
သူမ မျက်ဝန်းလေးကို ထင်ဟပ်စေခဲ့မိ
လှည့်ကြည့်ရင် မြင်လိမ့်မယ်
အိပ်ဆေးသောက်အိပ်ရတဲ့ ညတွေ
မနက်ဖြန်ပျောက်ဆုံးနေတဲ့ စာမျက်နှာတွေ
လိုက်ဖမ်းလို့ မမိတော့တဲ့ အဓိပ္ပါယ်တွေ
ခင်ဗျားသိထားဖို့က
ကြီးကြီးကျယ်ကျယ် ပြုံးပြတတ်ဖို့
လွတ်လွတ်လပ်လပ်ငေးမောတတ်ဖို့
ညည ကြယ်တွေကို ရေတွက်တတ်ဖို့
မလိုဘူး
ဘာမှမလိုဘူး
ခင်ဗျားရဲ့ အကြည့်တစ်ချက်ပဲလိုတယ်…….။

In: ကဗျာ Posted By: Date: Oct 1, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment