Professional Authors

မျက်ဝန်းတစ်စုံရဲ့ အနားသတ်

မျက်ဝန်းတစ်စုံရဲ့ အနားသတ်

ရင်ခုန်သူရေ…..

မျက်ဝန်းတစ်စုံရဲ့ အနားသတ်
ရင်ခုန်ခြင်းရဲ့ အလင်္ကာတစ်ပိုဒ်
ဖွင့်မပြောပေမယ့် နားလည်နိုင်တဲ့ ဘာသာစကား
ကျကျန်ခဲ့တဲ့ ချိုလွင်လွင် ရီသံတစ်ချက်
တုန်ရီနေတဲ့ လွမ်းတေးသံတွေနဲ့
ချစ်သူပုံရိပ်ကို ဦးနှောက်မှာ Scan ဖတ်ရင်း နေ၀င်ချိန်မှာ
အဆွေးဓာတ်ခံလေးကို စကားပြောနေအုန်းမယ်။

ကြင်သူရေ….

မနက်ဖြန်တွေထဲက အမှန်တရားတွေထဲမှာ
ကိုယ့်အတွက် ဆင်မြန်းထားတဲ့ သဘာဝကျကျ ဟန်ဆောင်ခြင်းတွေ
လင်းလတ်နေတုန်းပဲလား…..။

မသိလို့ နွေးထွေးစွာနဲ့
ယုယခဲ့မိတဲ့ သာယာခြင်းတွေထဲမှာ
ကြေကြေကွဲကွဲ ရှိုက်ငိုခြင်းတွေ
တဖွဲဖွဲနဲ့ သဲသဲလှုပ်နေပြန်ပြီ။

ကိုယ်ဟာ
ပြိုကျတော့မယ့် ချောက်ကမ်းပါးနံဘေးမှာ
တွေတွေလေး ချစ်သူပုံလွှာကို
လှမ်းဆွဲထားမိလို့
အလွမ်းတွေ လျှံထွက်ခဲ့ကြပြီ။….

ဒီတစ်ကြိမ်တော့ ကိုယ်တစ်ယောက်တည်း
အေးအေးလေးနဲ့ချမ်းချမ်းလေး
ဆွေးရပြီကွယ်…..

In: ကဗျာ Posted By: Date: Oct 10, 2010
Comment #1

လုပ်ချလိုက်ပြန်ပီ
အေးအေးချမ်းချမ်းတောင် ဆွေးဦးမတဲ့….

commentinfo By: yusan at Nov 6, 2010
Comment #2

ဒီတစ်ကြိမ်တော့ ကိုယ်တစ်ယောက်တည်း
အေးအေးလေးနဲ့ချမ်းချမ်းလေး
ဆွေးရပြီကွယ်…..

commentinfo By: chityellusoelay at Aug 20, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment